EducationNewsPolitic

ခမီစာပေသင်ကြားရန် ဆရာ ဆရာမ ၁၂၀ ဦး သင်တန်းပေးပြီး AA လမ်းညွှန်မှုနဲ့ စာသင်ကြားမယ်

အာရက္ခတိုင်းမ်စ် (၁၈ မေ ၂၀၂၆)

ခမီစာပေ သင်ကြားရေးသင်တန်းကနေ ဆရာ ဆရာမ ၁၂၀ ဦး သင်တန်းဆင်းခဲ့ပြီ ဖြစ်တယ်လို့ ခမီစာပေနဲ့ယဥ်ကျေးမှုအသင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးလေကျော်အောင် အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။

အဆိုပါ သင်တန်းကို ခမီစာပေ သင်ကြားရေးအတွက် အာရက္ခပြည် ပညာရေးဌာနရဲ့ တရားဝင် အသိမှတ်ပြု ခွင့်ပြုချက်နဲ့အညီ ဆောင်ရွက်ခဲ့တာဖြစ်ပြီး သင်တန်းဆင်းဆရာ ဆရာမတွေကို အရင် NLD အစိုးရ လက်ထက်တည်းကစပြီး လက်ရှိအချိန်ထိ ခမီစာပေ သင်ကြားဖို့ လိုအပ်တဲ့ နေရာတွေမှာ ခန့်အပ်ပေးခဲ့တာ ဖြစ်ပါတယ်။

၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ်မှာ မြောက်ဦးမြို့နယ်အတွင်း သင်တန်းဖွင့်လှစ်ပြီး ၁၉ ဦး ခန့်အပ်ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီး ယခုနှစ် ဧပြီလ ၆ ရက် ကနေ ၁၁ ရက်ထိ ပေါက်တောမြို့နယ်တွင် ၂၇ ဦး၊ ဧပြီလ ၂၀ ရက် ကနေ ၂၅ ရက်အထိ ပုဏ္ဏားကျွန်းမြို့နယ်တွင် ၄၁ ဦး နဲ့ မေလ ၈ ရက်ကနေ မေလ ၁၄ ရက်အထိ ဘူးသီးတောင်မြို့နယ်တွင် ၃၃ ဦးတို့ သင်တန်းဆင်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“ အရင်က Teaching Assistant (TA) ခေါ်ပြီး အခု Auxiliary Teacher (AT) လို့ ခေါ်ပါတယ်။ ခမီစာပေ သင်ကြားခြင်း ရည်ရွယ်ချက်ဟာ ခမီစာပေကို ခမီတိုင်းရင်းသားတိုင်း ဖတ်တတ် ရေးတတ်ရန်နဲ့ နောက်လာမယ့် မျိုးဆက်တွေအနေနဲ့ ခမီစာပေကို စိတ်ဝင်စားမှသာ ခမီလူမျိုးတွေရဲ့ အခေါ်အဝေါ် ဓလေ့စရိုက်‌တွေကို ပီပီပြင်ပြင် သိရှိနိုင်မှာ ဖြစ်တယ်” လို့ ဥက္ကဋ္ဌ ဆရာ ဦးလေကျော်အောင်က ပြောပါတယ်။

အဆိုပါ သင်တန်းဆင်း ဆရာ ဆရာမများဟာ ခမီလူမျိုး‌တွေ တက်ရောက်နေတဲ့ စာသင်ကျောင်းတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ လမ်းညွှန်ချက်နဲ့အညီ ပညာသင်ကြားပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။

Related posts

ရက္ခိုင်ကို စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စကမ ကို အရေးယူပေးရန် အဖွဲ့ပေါင်း ၂၀၉ ဖွဲ့ တောင်းဆို

Rakhita Times

ဒေါ်စောမြရာဇာလင်း နေအိမ်တွင် ဂတ်(စ်)အိုးပေါက်ကွဲသတင်းဟာ သတင်းမှားလို့ ALP ထုတ်ပြန်

Rakhita Times

ကျောက်ကလေရွာ ဗုံးကြဲခံရမှု သေဆုံးသူ ၃ ဦး အထိ ရှိလာ

Rakhita Times

Leave a Comment