NewsPolitic

AA တိုက်ခိုက်မှုကြောင့် စစ်သင်္ဘောမီးလောင်သွား

အာရက္ခတိုင်းမ်စ် (၄ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည် စစ်တွေမြို့နယ်က ပင်လယ်ပြင်က စစ်သင်္ဘောကို အာရက္ခတပ်တော်က တိုက်ခိုက်လို့ မီးလောင် ပျက်စီးသွားတယ်လို့ သိရပါတယ်။

“တပ်တော်က ရွှေမင်းဂံရေတပ်စခန်းနဲ့ ဒကစကို လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ ဟိုနေ့ကတော့ လက်နက်ကျည်ထိလို့ စစ်သင်္ဘောတစီး ထိခိုက်သေးတယ်လေ။ နောက်နေ့ကျတော့ လက်နက်က တိတိကျကျကိုထိလို့ စစ်သင်္ဘောတစီးတော့ မီးလောင်သွားတယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိမှာတော့ အာရက္ခတပ်တော်နဲ့ ရွေးတုအစိုးရတပ်တို့ဟာ စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကံ့ကော်ကျွန်း၊ ဝါဘို၊ တော်ကန် စတဲ့နေရာတွေမှာလည်း မြေပြင်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ကံ့ကော်ကျွန်းစခန်းဟာဆိုရင် ဒကစ ဌာနချုပ်နဲ့ ၂ မိုင်ခန့်သာ ကွာဝေးပြီး တောကန်ကတော့ ကျားမသောက်တပ်ရင်းနဲ့ မိုင်ဝက်လောက်သာ ကွားဝေးတော့တယ်လို့ သိရပါတယ်။

ရွေးတုအစိုးရကလည်း စစ်တွေမြို့ လက်မလွှတ်ရရေးအတွက် စစ်မှုထမ်းဆင်းစစ်သား အင်အားအများအပြားနဲ့ ရာထူးတဆင့်တိုးပေးထားတဲ့ သန္ဓေစစ်သားတွေကို စစ်သင်္ဘာနဲ့ လာရောက် အင်အားဖြည့်တင်းနေတယ်လို့ သိရပါတယ်။

ရက္ခိုင်ပြည် စစ်တွေမြို့ထဲကို အာရက္ခတပ်တော် ဝင်ရောက်မှာကို စိုးရိမ်တာကြောင့် စစ်တွေမြို့တွင်း အဝင်အထွက်တွေကို တင်းကြပ်ခိုင်းထားပြီး အဓိကအားဖြင့် မွတ်ဆလင်တွေကို မြို့တွင်းကို ဝင်ရောက်ခွင့် မပြုထားဘူးလို့လည်း သိရပါတယ်။

ဒါ့အပြင် ရက္ခိုင်ပြည် စစ်တွေမြို့မှာ ည ၉ နာရီမှ မနက် ၅ နာရီအထိ ညမထွက်ရ အမိန့်အပြင် အဲဒီ သတ်မှတ်ကာလမှာ အပြင်ထွက်ပါက ပစ်မိန့်ပါ ထုတ်ထားတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ – ပေးပို့

Related posts

ဘူးသီးတောင်တွင် AA ကြောင့် ကလေးငယ်အပါအဝင် မွတ်ဆလင် ၁၇၀ သေဆုံးခဲ့တယ်လို့ HRW ထုတ်ပြန်

Rakhita Times

မြေပုံမှာ မိုးကြိုးမှန်လို့ လူတဦး သေဆုံး

Rakhita Times

“သူပုန်ဖြူအဖွဲ့”မှ ကဗျာစာအုပ်နဲ့‌‌ ငွေသားများ ထပ်မံပေးပို့

Rakhita Times

144 comments

Leave a Comment