NewsPolitic

မိုင်းယု ၁၀၅ မိုင်တွင် AA က စပါး ကူညီစိုက်ပေးနေ

အာရက္ခတိုင်းမ်စ် (၃၀ ဇွန် ၂၀၂၆)

ညီနောင်မဟာမိတ်အုပ်ချုပ်ရေးဒေသ မူဆယ်မြို့နယ် မိုင်းယု ၁၀၅ မိုင်တွင် အာရက္ခတပ်တော်-AA (မီးနဂါးစစ်ဒေသ) တပ်ဖွဲ့ဝင်များက ဒေသခံလယ်စိုက်တောင်သူတွေကို စပါး ကူညီစိုက်ပျိုးပေးနေတယ်လို့ သိရပါတယ်။

“ ၂၁ က စပြီး ငွေကြေးမတတ်နိုင်တဲ့ စပါးစိုက်တောင်သူတွေကို တပ်တော်က စပါး ကူစိုက်ပေးနေတာ။ မနေ့က အထိတော့ ၆ ဧကလောက် ကူစိုက်ပေးခဲ့တယ်” လို့ မူဆယ်မြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ညီနောင်မဟာမိတ်အုပ်ချုပ်ရေးဒေသ မူဆယ်မြို့နယ် မိုင်းယု ၁၀၅ မိုင်မှာ လယ်တွင် စပါးစိုက်ပျိုးရန် နေ့စားအငှားခေါ်ပါက တစ်ယောက်ကို သုံးသောင်းကျပ်အထက် ပေးငှားနေရတယ်လို့ သိရပါတယ်။

“ စပါးက အချိန်မှီစိုက်ပြီးဖို့လိုတယ်လေ။ မဟုတ်ရင် စပါးစိုက်တောင်သူတွေအတွက် ဆုံးရှုံးမှုများတယ်။ ငွေကြေးမတတ်နိုင်တဲ့သူတွေက မိသားစု ဆွေမျိုးတွေနဲ့ အလှည့်က ကူညီပြီး စပါးစိုက်နေကြတာ၊ အခုလို့ တပ်တော်ရဲ့ တပ်ဖွဲ့ဝင်တွေက ကူညီပြီး လာစိုက်ပေးတော့ ကုန်ကျစရိတ်လည်း သက်သာသလို အလုပ်လည်း တွင်တာပေါ့” လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။

ညီနောင်မဟာမိတ်အုပ်ချုပ်ရေးဒေသ နယ်မြေအတွင်းရှိ စပါးစိုက်ပျိုးရန် အခက်အခဲဖြစ်နေတဲ့ လယ်သမားများအနေနဲ့ စပါးစိုက်ရာသီအတွင်း မဟာမိတ်အုပ်ချုပ်ရေးကော်မတီရုံးကို လာရောက် အကူညီတောင်းခံနိုင်တယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ-မိုင်းယု

Related posts

စစ်တွေမှာ ဆိုလာပြားတွေနဲ့ မီးပွိုင့်စနစ်တွေကို ပြန်လည်လုပ်ဆောင်နေ

Rakhita Times

ငသိုင်းချောင်း အမြောက်တပ်ကို AA ထိုးစစ်ဆင်

Rakhita Times

လသားအရွယ်ကလေးများကို AA ကာကွယ်ဆေး ထိုးပေးနေ

Rakhita Times

Leave a Comment