NewsPolitic

စစ်တွေတိုက်ပွဲ ၃ ရက် ဆက်တိုက် ပြင်းထန်နေ

အာရက္ခတိုင်းမ်စ် (၆ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည် စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်စပ်တွင် အာရက္ခတပ်တော်နဲ့ ရွေးတုအစိုးရတပ်တို့ ၃ ရက် ဆက်တိုက် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

“ဒီနေ့ စစ်တွေဖက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ကို ပစ်နေတာ။ နေဗီကရော စစ်တွေမြို့ထဲကပါ။ ပြီးတော့ ဒရုန်းတွေရော လေကြောင်း ပစ်ကူတွေပါပေးနေတာ။ တောက်လျောက် ဖြစ်နေတာ ၃ ရက် ရှိနေပြီ” လို့ စစ်တွေမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်ပြည် စစ်တွေမြို့ကနေ လက်နက်မျိုးစုံနဲ့ ပုဏ္ဏားကျွန်း၊ စစ်တွေနဲ့ ရသေ့တောင်မြို့နယ်က ရပ်ရွာတွေကိုလည်း ရွေးတုအစိုးရက ပစ်ခတ်နေတယ်လို့ သိရပါတယ်။

“၂၀၂၆ ခုနှစ် စက်တင်ဘာလ ၄ ရက် မနက် ၁၀ နာရီ ဝန်းကျင်ခန့်တွင် စစ်တွေမြို့ ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး အထိုင်စခန်း ၇ နေရာ၊ သံချပ်ကာတင့်ကား ၂ စီးနဲ့ စစ်တွေမြို့နား ပင်လယ်ပြင်တွင် ကျောက်ချရပ်နားထားတဲ့ စစ်သင်္ဘောတချို့ပေါ်က ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ရသေ့တောင်မြို့နယ်ရှိ ရပ်ရွာတွေကို ပစ်ခတ် တိုက်ခိုက်နေတယ်” လို့ အာရက္ခတပ်တော်က သတင်းထုတ်ပြန်ထားပါတယ်။

အာရက္ခတပ်တော်က စစ်တွေမြို့ပြင်ရှိ ရသေ့တောင်၊ ပုဏ္ဏားကျွန်း နဲ့ ပေါက်တောမြို့နယ်တို့ကို သိမ်းပိုက်ထားပြီး စစ်တွေအခြေစိုက် ရွေးတုအစိုးရရဲ့ တပ်ရင်း၊ တပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

အာရက္ခတပ်တော်က ရက္ခိုင်ပြည်သူများအနေနဲ့ အခုရက်ပိုင်းအတွင်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်ရဲ့ လက်ရှိ စစ်ရေးလှုပ်ရှားနေပုံများကို သုံးသပ်ချက်အရ လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီးများ အချိန်မရွေး ပစ်ခတ်နိုင်တာကြောင့် လက်နက်ကြီးရန်များကို အထူးသတိထားကြရန် လေကြောင်းအချက်ပြမှုများကို သတိထား စောင့်ကြည့်ပြီး နိုးနိုးကြားကြားနဲ့ အချင်းချင်း သတိပေးကြရန်နဲ့ လက်နက်ကြီးရန် လေကြောင်းရန်များကို အထူးသတိထားထပ်မံ အသိပေး တိုက်တွန်းထားပါတယ်။
ဓာတ်ပုံ – မောင်တောတွင် ကင်းလှည့်နေတဲ့ အာရက္ခတပ်တော်စစ်သည်များ

Related posts

တောအရက်ကြောင့် သေဆုံးသူများလာလို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ စစ်ဆေးနေ

Rakhita Times

ကျောက်ဖြူစစ်ရှောင် ကလေးငယ်တွေကိုစိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေ ပြုလုပ်ပေးနေ

Rakhita Times

အာရက္ခအားမာန် ရဲဘော်ကျော်ဟန် (၁၉-က)

Rakhita Times

Leave a Comment