NewsPolitic

ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းငယ် ဖြစ်ပေါ်နိုင်ပြီး ရက္ခိုင်မှာ မိုးကြီးနိုင်

အာရက္ခတိုင်းမ်စ် (၂၀ စက်တင်ဘာ ၂၀၂၆)

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ အားကောင်းတဲ့ မုန်တိုင်းငယ် ဖြစ်ပေါ်လာနိုင်တာကြောင့် လာမယ့်ရက်တွေအတွင်း ရက္ခိုင်ပြည်မှာ မိုးထစ်ချုန်းရွာပြီး နေရာကွက် မိုးကြီးနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။

လက်ရှိ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အနောက်-အနောက်မြောက်ဘက်ကို ရွှေ့လျားရင်း နောက် ၂၄ နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းကို ရောက်ရှိလာမှာပါ။

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အနောက်-အနောက်မြောက်ဘက်ကို ဆက်လက် ရွှေ့လျားရင်း မုန်တိုင်းငယ်အဖြစ် အဆင့်ဆင့် အားကောင်းလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်း ဖြစ်ပေါ်လာနိုင်ခြေ အခြေအနေတွေကတော့ စက်တင်ဘာလ ၂၁ ရက်မှာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ မုန်တိုင်းငယ် (Depression) အဖြစ်သို့လည်းကောင်း၊ စက်တင်ဘာလ ၂၂ ရက်မှာ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ်သို့လည်းကောင်း အဆင့်ဆင့် အားကောင်းလာမှာ ဖြစ်ပါတယ်။

အဆိုပါ မုန်တိုင်းငယ်ဟာ စက်တင်ဘာ ၂၃ ရက်မှာတော့ အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ် တောင်ပိုင်းနဲ့ အန်ဒရာပရာဒေ့ရှ်ပြည်နယ် မြောက်ပိုင်း ကမ်းရိုးတန်းဆီကို ဦးတည် ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်အဖြစ် ပြောင်းလဲလာတာနဲ့အမျှ မုတ်သုံတိမ်တိုက်ကြီးတွေရဲ့ တိုက်ရိုက် သက်ရောက်မှုကြောင့် ရက္ခိုင်ကမ်းရိုးတန်းနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသတွေမှာ မိုးအလွန်ကြီးမားနိုင်တယ်လို့ သိရပါတယ်။

မိုးရေချိန် ဆန်းစစ်ချက်တွေအရ ၇ ရက်အတွင်း စုစုပေါင်း မိုးရေချိန် ၁၆၅ မီလီမီတာ ကနေ ၂၁၄ မီလီမီတာအထက်အထိ မိုးအများဆုံး ရရှိသွားနိုင်တာကြောင့် မြစ်ရေနဲ့ ဒီရေ မြင့်တက်လာမှု ဘေးအန္တရာယ်တွေကို သတိထားကြဖို့ လိုအပ်ပါတယ်။

ဒါ့အပြင် ရက္ခိုင်ကမ်းရိုးတန်း အနီးနဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ လေပြင်းတိုက်ခတ်ပြီး လှိုင်းအလွန်ကြီးနိုင်တာကြောင့် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေအနေနဲ့လည်း အထူးသတိပြု သွားလာကြဖို့ နှိုးဆော်ထားပါတယ်။

ဒါ့အပြင် ရက္ခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် ၆ ပေကနေ ၈ ပေအထိ ရှိနိုင်ပါတယ်။

Related posts

မင်းပြားကို စကမ လေယာဉ် ၈ စီးနဲ့ ဗုံးပတ်ကြဲ(Breaking News)

Rakhita Times

စစ်တွေမှာ စကမ က အခြေခံစားကုန်တွေ ရောင်းပေးနေ

Rakhita Times

ကျောက်ဖြူက ရွာ ၃ ရွာကို ရွေးတုအစိုးရ ဗုံးကြဲ၊ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရ

Rakhita Times

Leave a Comment