အာရက္ခတိုင်းမ်စ် (၇ နိုဝင်ဘာ ၂၀၂၆)
“ထိုက်တန်တဲ့ အာရက္ခသမိုင်းသစ်ကို အမြန်ဆုံး အောင်မြင်စွာ ရေးထိုးနိုင်ပါစေ” လို့ ပြည်သူ့တော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) ဗဟိုကော်မတီက အာရက္ခတပ်တော် (AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ အသက် ၄၈ နှစ်ပြည့် မွေးနေ့မှာ မွေးနေ့ဆုမွန်ကောင်း သဝဏ်လွှာ ပေးပို့ဆုတောင်းခဲ့ပါတယ်။
ဒီကနေ့ နိုဝင်ဘာလ ၇ ရက် (၁၃၈၈ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်) မှာ ကျရောက်တဲ့ မွေးနေ့မှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင် အသက်ရှည်ကျန်းမာစွာနဲ့ အာရက္ခပြည်သူတွေရဲ့ အကျိုးကို ထမ်းပိုးဆောင်ရွက်နိုင်ပါစေလို့ PRA-Magway က နှုတ်ခွန်းဆက်ထားပါတယ်။
PRA-Magway ရဲ့ ထုတ်ပြန်ချက်အရ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဦးဆောင်မှု၊ အာရက္ခပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ AA ရဲ့ ရဲရင့်စွန့်စားမှုတို့နဲ့ “အာရက္ခ သမိုင်းသစ်” ကို ရေးထိုးနိုင်ပါစေလို့ ဆုတောင်းထားတာလည်း ဖြစ်ပါတယ်။
သဝဏ်လွှာမှာ AA ရဲ့ ဦးဆောင်မှုအောက်မှာ နိုင်ငံရေး၊ စစ်ရေးမျက်နှာတွေမှာ အသာစီးရနေပြီး ပြည်သူ့ဝန်ဆောင်မှုနဲ့ အုပ်ချုပ်ရေးကို စနစ်တကျ ဆောင်ရွက်နေတယ်လို့လည်း ဖော်ပြထားပါတယ်။
