NewsPolitic

ရက္ခိုင်ကိုဝင်ရန် စစ်ကြောင်းထိုးလာတဲ့ စကစ တပ်ဖွဲ့ဝင် ၈၀ ခန့် ဒဏ်ရာရလို့ မကွေးကို ပြန်သယ်

အာရက္ခတိုင်းမ်စ် (၂၇ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်ကို ဝင်ရောက်လာနိုင်ရန် ချင်းတောင်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ခန့် ဒဏ်ရာရလို့ လောင်းရှည်မြို့ကနေ မကွေးမြို့ကို ဆေးကုသဖို့ ကား ၁၅ စီးနဲ့ ပြန်လည် ပို့ဆောင်နေတယ်လို့ သိရပါတယ်။

ယောဒေသနဲ့ ချင်းတောင်ပိုင်းက ဒဏ်ရာရသူတွေနဲ့ နေမကောင်းဖြစ်သူတွေကို ဆေးကုသမှုခံယူဖို့ မကွေးအထိ ပြန်လည် ပို့ဆောင်နေတာလည်း ဖြစ်ပါတယ်။

ယခုရက်ပိုင်းအတွင်း ဆော၊ လောင်းရှည်၊ ကျောက်ထု၊ ကြီး၊ ရွှေအောင်သာစတဲ့ ဒေသတွေက စစ်ကောင်စီတပ်စခန်းတွေက တပ်ဖွဲ့ဝင်တွေကို နေရာရွှေ့ပြောင်းမှုတွေ ပြုလုပ်နေပြီး တပ်စိပ်မှူး၊ တပ်ခွဲမှူးအဆင့်ကနေ စစ်ကြောင်းမှူးတွေအထိ အဆင့်ဆင့် အပြောင်းအလဲ ပြုလုပ်ပြီး တပ်ဖွဲ့တွေကို ပြန်လည် ဖွဲ့စည်းနေတယ်လို့ သိရပါတယ်။

ကျင်ဒွေးစစ်မျက်နှာမှာလည်း စစ်ကောင်စီတပ်က ရှေ့မတိုး နောက်မဆုတ် အနေအထားမှာ ရှိနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အင်အားတွေ ထပ်မံ ဖြည့်တင်းနိုင်တာ မှန်ပေမယ့် တပ်သားသစ်တွေကို အချိန်တိုအတွင်း သင်တန်းပေးပြီး ရှေ့တန်းကို ပို့ဆောင်နေရတဲ့ အခြေအနေလည်း ရှိနေတယ်” လို့ သူက ဆိုပါတယ်။

တပ်သားသစ်အများစုနဲ့ လည်ပတ်နေရတဲ့ တပ်ဖွဲ့ဝင်တွေဟာ ရှေ့တန်းကို ရောက်လာတဲ့အခါ အင်အားသုံးပြီး ထိုးစစ်ဆင်ကြရပေမယ့် ကာလ အနည်းငယ်ကြာလာရင် စိတ်ဓာတ်ရေးရာ၊ ရာသီဥတုဒဏ်၊ စားဝတ်နေရေး အခက်အခဲတွေကြောင့် ထွက်ပြေးတာ၊ အလင်းဝင်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

Related posts

အာရက္ခတိုင်းမ်စ်သတင်း ပေါ့စ်ကပ်စ် (၁၁ သြဂုတ် ၂၀၂၅)

Rakhita Times

အမျိုးသမီး ၄ ဦးကို အတင်းအဓမ္မကျူးလွန်သူကို ထောင်ဒဏ် နှစ် ၄၀ ချမှတ်၊ ပြစ်ဒဏ်ကို ပြည်သူတွေ ဝေဖန်

Rakhita Times

မြောက်ဦးမြို့နယ်က ရေဘေးသင့်ပြည်သူတွေကို AA ကူညီပေးနေ(ဓာတ်ပုံသတင်း)

Rakhita Times

Leave a Comment