ရက္ခိုင်တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ ဗိုလ်မှူးကြီး နှစ်ဦးကို စစ်ကောင်စီ ရာထူးတစ်ဆင့်တိုးပေး
အာရက္ခတိုင်းမ်စ် (၄ ဇန်နဝါရီ ၂၀၂၅) ရက္ခိုင်ပြည်တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ ဗိုလ်မှူးကြီးအောင်နေမျိုး နဲ့ ဗိုလ်မှူးကြီးထွန်းထွန်းဝင်းတို့ကို စစ်ကောင်စီက ရာထူးတစ်ဆင့် ထပ်တိုးပေးခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့မှာ ကျရောက်တဲ့ ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရက္ခိုင်ပြည် မောင်တောတိုက်ပွဲမှာ သေဆုံးခဲ့တဲ့ ဗိုလ်မှူးကြီးအောင်နေမျိုးကို ဗိုလ်ချုပ်ရာထူး နဲ့...
