HealthNewsPolitic

စစ်ရှောင်ကလေးမိခင်တွေနဲ့ ကလေးငယ်တွေ အာဟာရ လုံလောက်စွာမရရှိ

အာရက္ခတိုင်းမ်စ် (၁၃ မေ ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်တဲ့ စစ်ရှောင်ကလေးမိခင်တွေနဲ့ ကလေးငယ်တွေဟာ အာဟာရ လုံလောက်စွာ ရရှိမှု မရှိဘူးလို့ Arakan Responders for Emergency ထံက သိရပါတယ်။

စစ်ဘေး တိမ်းရှောင်ရင်း ပြောင်းရွှေ့နေထိုင်ရတဲ့အတွက် အာဟာရ လုံလောက်မျှတမှု မရှိခြင်း၊ လိုအပ်တဲ့ ဖြည့်စွက်ဆေးဝါးတွေ သောက်သုံးနိုင်ခြင်း မရှိခြင်း စတာတွေကြောင့် ကလေးမိခင်တွေအနေနဲ့ ကလေးငယ်ကို နို့တိုက်ကျွေးဖို့ အခက်အခဲနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

“နို့စို့အရွယ် ကလေးတွေလည်း ပါတယ်ပေါ့နော်။ မိဘတွေလည်း ပါတယ်။ ဒါမယ့် မိခင်တွေကိုယ်တိုင်က နို့မထွက်တာလည်း ရှိတယ်။ သူတို့ စစ်ရှောင်နေရတယ်။ အစားအသောက်တွေက မမှန်ဘူး။ အားအင်နည်းတယ်ပေါ့နော်။ အာ့ကြောင့် နို့တိုက်မိခင်တွေက နို့မထွက်ဘူး။ ကလေးအတွက် နို့မရတော့ နို့မှုန့်တွေဘာတွေ ဝယ်ပြီး တိုက်ရတာပေါ့နော်။ စစ်ရှောင်တွေဆိုတော့လေ နို့မှုန့်ဝယ်ပြီး တိုက်ဖို့ဆိုလည်း အမြဲတမ်းက မဝယ်နိုင်ဘူး။ နို့မှုန့်တွေက ဈေးကကြီးတယ်ဆိုတော့ တချို့မိဘတွေဆို ကွေကာအုပ်တွေကိုမှ ၂လသားအရွယ် ကလေးလေးတွေကို ကွေကာအုပ် ဖျော်တိုက်တာလည်း တွေ့တယ်” လို့
ARE ရဲ့ ပြန်ကြားရေးတာဝန်ခံက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ဘေးရှောင်စခန်းတွေအတွက် အလှူရှင်များရှိသော်လည်း စစ်ရှောင်ဦးရေ များပြားတဲ့အတွက် မိခင်နဲ့ ကလေးငယ်တွေအတွက် သီးသန့် လှူဒါန်းခြင်းမျိုး မရှိသလောက် နည်းပါးကြောင်း၊ လှူဒါန်းတဲ့အခါမှာလည်း လိုအပ်တဲ့ နေရာတိုင်း လှူဒါန်းပေးနိုင်ခြင်း မရှိသေးဘူးလို့ သူက ဆိုပါတယ်။

ကျောက်ဖြူမြို့နယ်မှာ စစ်ဘေးရှောင်ဦးရေ ၂ သောင်းကျော် ရှိနေပြီး လတ်တလောမှာတော့ အာရက္ခတပ်တော်နဲ့ စစ်အာဏာရှင်တို့အကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားလျက် ရှိနေပါတယ်။

Related posts

စစ်ရှောင်ကျောင်းသား ၁၀၀ ရဲ့ ပညာရေးကူညီဖို့ “အနာဂတ်လှိုင်း” ကမ်ပိန်းပြုလုပ်

Rakhita Times

အရိပ်ဖြူ လောက်ကောင်

Rakhita Times

မောင်တောတွင် စကမ ထောင်ခဲ့တဲ့ မိုင်း ၂၂ လုံးကို AA ထပ်မံတူးဖော်ရရှိ

Rakhita Times

201 comments

Leave a Comment