စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက ပိုများလာနိုင်
အာရက္ခတိုင်းမ်စ် (၂၇ နိုဝင်ဘာ ၂၀၂၄) တိုင်းဒေသကြီးနဲ့ ပြည်နယ်အများစုမှာ နယ်မြေဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတာကြောင့် စစ်ကောင်စီအနေနဲ့ လေကြောင်းနဲ့ တိုက်ခိုက် ဗုံးကြဲမှုတွေဟာ ပိုများလာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ ၂၀၂၃ခုနှစ် နိုဝင်ဘာလ ကနေ ၂၀၂၄ခုနှစ် ဧပြီလ အထိ ခြောက်လတာအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ...
