Author : Rakhita Times

https://arakhatimes.com/ - 2512 Posts - 0 Comments
NewsPolitic

ရသေ့တောင်ကို ဗုံး ၁၇ လုံးကြဲ၊ ပြည်သူ ၂ ဦးသေ ၁၂ ဦး ဒဏ်ရာရ

Rakhita Times
အာရက္ခတိုင်းမ်စ် (၃ အောက်တိုဘာ ၂၀၂၆) ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့ပေါ်နဲ့ အနီးအနားရှိ ရပ်ရွာများကို စစ်ကောင်စီတပ်က ယနေ့ မိုးလင်းဝ အချိန်တွင် Y-12 စစ်ထောက်ပံ့ရေးလေယာဉ်နဲ့ ဗုံးများ အဆက်မပြတ် ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ မကွေးလေတပ်က Y-12 လေယာဉ်တစ်စီးဟာ မိုးလင်းဝ ၁...
NewsPolitic

ကျောက်တော် ဗုံးကြဲဖြစ်စဉ်အတွင်း အမျိုးသမီးတစ်ဦး ထပ်မံသေဆုံး

Rakhita Times
အာရက္ခတိုင်းမ်စ် (၃ အောက်တိုဘာ ၂၀၂၆) ရက္ခိုင်ပြည်၊ ကျောက်တော်မြို့ကို စစ်ကောင်စီတပ်ရဲ့ Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြင်းထန် ဒဏ်ရာရရှိထားတဲ့ အမျိုးသမီးကြီးတစ်ဦးဟာ ဆေးကုသမှုခံယူနေစဉ်အတွင်း ထပ်မံသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီရဲ့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသူဟာ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှာနေထိုင်တဲ့ အသက် ၅၅ နှစ်အရွယ်...
NewsPolitic

AA နဲ့ MNDAA တို့ မိုင်းယု ၁၀၅ မိုင်တွင် ဆိုလာလမ်းမီး ၁၉၀ နီးပါး တပ်ဆင်ပေး

Rakhita Times
အာရက္ခတိုင်းမ်စ် (၂ အောကတိုဘာ ၂၀၂၆) ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ညီနောင်မဟာမိတ်အုပ်ချုပ်ရေးဒေသ၊ မိုင်းယု ၁၀၅ မိုင်တွင် မြို့တွင်းလမ်းမတလျှောက် ဆိုလာလမ်းမီးများ တပ်ဆင်ပေးခဲ့ကြောင်း သိရပါတယ်။ တန်ဖိုး မြန်မာကျပ်ငွေ သိန်းနှစ်ရာ့ရှစ်ဆယ်ကျော် တန်ဖိုးရှိ ဆိုလာလမ်းမီး ၁၈၈ လုံးကို မိုင်းယု ၁၀၅ မိုင်အဝင်က...
NewsPolitic

ကျောက်တော်ဈေး ဗုံးကြဲခံရမှုကို စစ်လော်ဘီများက ဂြိုလ်တုပုံဟောင်းသုံး ဝါဒဖြန့်နေ

Rakhita Times
အာရက္ခတိုင်းမ်စ် (၂ အောက်တိုဘာ ၂၀၂၆) စစ်ကောင်စီတပ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုများကို စစ်တပ်ထောက်ခံသူ လော်ဘီများက အလျင်အမြန် ဖုံးကွယ်လေ့ရှိပြီး အမှန်တရားကို လှည့်ဖြားရန်အတွက် အချက်အလက်မှန်အချို့နဲ့ အမှားများကို ရောနှောကာ ပြည်သူများ အမြင်ဝေဝါးစေရန် အချက်အလက်ခဝါချခြင်း (Information Laundering) များကို လုပ်ဆောင်နေတယ်လို့ TNISO က...
NewsPolitic

စစ်ကောင်စီရဲ့ ကျောက်တော် ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်ရာဇဝတ်မှုမြောက်လို့ Fortify Rights ဆို

Rakhita Times
အာရက္ခတိုင်းမ်စ် (၂ အောက်တိုဘာ ၂၀၂၆) ရက္ခိုင်ပြည်၊ ကျောက်တော်မြို့၊ အိန္ဒိယဈေးနဲ့ လူနေရပ်ကွက်များအပေါ် စစ်ကောင်စီက ဂျက်ဖိုက်တာများနဲ့ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဟာ နိုင်ငံတကာ စစ်ရာဇဝတ်မှုကို ထင်ရှားစွာ ကျူးလွန်လိုက်ခြင်းဖြစ်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Fortify Rights က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ နယ်မြေဆုံးရှုံးမှုများနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ...
NewsPolitic

ကျောက်တော် ဗုံးကြဲခံရမှုအပေါ် သက်သေအထောက်အထားများ ပေးပို့ရန် IIMM တောင်းဆို

Rakhita Times
အာရက္ခတိုင်းမ်စ် (၂ အောက်တိုဘာ ၂၀၂၆) ရက္ခိုင်ပြည် ကျောက်တော်မြို့၊ အိန္ဒိယဈေးကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးသူငယ်များနဲ့ အမျိုးသမီးများ အပါအဝင် အရပ်သားပြည်သူ ၅၀ ဦး သေဆုံးခဲ့ပြီး ၅၈ ဦး ဒဏ်ရာရရှိခဲ့တဲ့ အစုလိုက် အပြုံလိုက် သေဆုံးရမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး...
NewsPolitic

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက စိုက်ပျိုးရေးနဲ့ မွေးမြူရေးဝန်ထမ်းများ ခေါ်ယူ

Rakhita Times
အာရက္ခတိုင်းမ် (၂ အောက်တိုဘာ ၂၀၂၆) အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဌာန လက်အောက်ခံ မြို့နယ်ရုံးများတွင် တာဝန်ထမ်းဆောင်ရန်အတွက် ဝန်ထမ်းအသစ်များကို အမြောက်အမြား ခေါ်ယူနေတယ်လို့ သိရပါတယ်။ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အောက်ပါရာထူးနေရာများအတွက် လျှောက်ထားနိုင်ကြောင်း သိရပါတယ်။ ခေါ်ယူနေတဲ့ ရာထူးတွေကတော့ ဒု-ကြီးကြပ်ရေးမှူး (၂၀ ဦး)...
NewsPolitic

အိန္ဒိယဈေး ဗုံးကြဲခံရမှု အစုလိုက်အပြုံလိုက် သေဆုံးရခြင်းအပေါ် APC ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ

Rakhita Times
အာရက္ခတိုင်းမ်စ် (၂ အောက်တိုဘာ ၂၀၂၆) ရက္ခိုင်ပြည်၊ ကျောက်တော်မြို့၊ အိန္ဒိယဈေးကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးသူငယ်များနဲ့ အမျိုးသမီးများ အပါအဝင် အပြစ်မဲ့ပြည်သူ ၅၀ ဦးထက်မနည်း အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ အာရက္ခမီဒီယာကောင်စီ (APC)...
NewsPolitic

ပုဏ္ဏားကျွန်း အောင်ဖြူပြင်ရွာကို မိုးလင်းဝတွင် ဗုံးကြဲ၊ ပြည်သူ ၂ ဦး ဒဏ်ရာရ

Rakhita Times
အာရက္ခတိုင်းမ်စ် (၂ အောက်တိုဘာ ၂၀၂၆) ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ရွာကို စစ်ကောင်စီတပ်က ဒီကနေ့ (အောက်တိုဘာ ၂) မိုးလင်းဝအချိန်တွင် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ အောက်တိုဘာလ ၂ ရက်၊ မိုးလင်းဝ...
NewsPolitic

သံတွဲမြို့ပေါ်ကို ဗုံးကြဲ၊ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ

Rakhita Times
အာရက္ခတိုင်းမ်စ် (၁ အောက်တိုဘာ ၂၀၂၆) ရက္ခိုင်ပြည်၊ သံတွဲမြို့၊ အမှတ် ၆ ရပ်ကွက်၊ ဗောဓိကုန်းဈေးလမ်းကို စစ်ကောင်စီတပ်က ဒီကနေ့ (အောက်တိုဘာလ ၁ ရက်) နေ့လယ် ၁ နာရီ ၄၅ မိနစ်ခန့်အချိန်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးတစ်လုံး ကြဲချ တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံပြည်သူ...