AA သိမ်းပိုက်ထားတဲ့ ညောင်ကျိုးကို စကမ ထိုးစစ်ဆင်၊ တိုက်ပွဲပြင်းထန်နေ
အာရက္ခတိုင်းမ်စ် (၅ မေ ၂၀၂၆) ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ညောင်ကျိုးကျေးရွာက စကမရဲ့ ပင်မစခန်းကို အာရက္ခတပ်တော် နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက သိမ်းပိုက်ထားတာဖြစ်ပြီး အဆိုပါ စခန်းကို စစ်ကော်မရှင်က ပြန်လည်ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။ “ ဒီလဆန်းမှာ လေလာတောင်ဖက်ကနေ ညောင်ကျိုးဖက်ကို ထိုးစစ်ဆင်လာလို့...
