အမ်းမှ ထွက်ပြေးလာသော ဗိုလ်မှူး အပါအဝင် ၁၄ ဦး ဖမ်းမိ၊ ၂ ဦး အသေရ
အာရက္ခတိုင်းမ်စ် (၂၉ နိုဝင်ဘာ ၂၀၂၄) ရက္ခိုင်ပြည် အမ်းမြို့နယ်ရှိ အနောက်ပိုင်းစစ်ဌာနချုပ် (နပခ) လက်အောက်ရှိ တစ်မိုင်ကုန်းစခန်းမှ ထွက်ပြေးလာသော ဗိုလ်မှူးဇော်ထက်နိုင် အပါအဝင် ၁၄ ဦးကို အရှင်ဖမ်းမိပြီး ၂ ဦးကို အသေဖမ်းမိခဲ့ကြောင်း ကျောင်းသားလက်ရုံးတပ်တော်က မနေ့က (၂၈ နိုဝင်ဘာ) က သတင်းထုတ်ပြန်ခဲ့ပါတယ်။...
