ခမီစာပေသင်ကြားရန် ဆရာ ဆရာမ ၁၂၀ ဦး သင်တန်းပေးပြီး AA လမ်းညွှန်မှုနဲ့ စာသင်ကြားမယ်
အာရက္ခတိုင်းမ်စ် (၁၈ မေ ၂၀၂၆) ခမီစာပေ သင်ကြားရေးသင်တန်းကနေ ဆရာ ဆရာမ ၁၂၀ ဦး သင်တန်းဆင်းခဲ့ပြီ ဖြစ်တယ်လို့ ခမီစာပေနဲ့ယဥ်ကျေးမှုအသင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးလေကျော်အောင် အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။ အဆိုပါ သင်တန်းကို ခမီစာပေ သင်ကြားရေးအတွက် အာရက္ခပြည် ပညာရေးဌာနရဲ့ တရားဝင် အသိမှတ်ပြု...
