မြောက်ဦးဆေးရုံ ဗုံးကြဲမှုဖြစ်စဉ်မှ လူသက်သေ၊ ပစ္စည်းသက်သေများ မျှဝေပေးရန် IIMM တောင်းခံ
အာရက္ခတိုင်းမ်စ်(၁၃ ဒီဇင်ဘာ ၂၀၂၅) ရက္ခိုင်ပြည်၊ မြောက်ဦးဆေးရုံ ဗုံးကြဲမှုဖြစ်စဉ်မှ လူသက်သေ၊ ပစ္စည်းသက်သေများကို မျှဝေပေးရန် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က တောင်းခံထားပါတယ်။ လူနာ ၃၀၀ အပြည့်ရှိတဲ့ မြောက်ဦးဆေးရုံကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်ကို ကိုယ်တွေ့ ရင်ဆိုင်ခဲ့ရတဲ့ အသက်ရှင်ကျန်ရစ်သူများ၊ လူနာများ၊...
