မင်းအောင်လှိုင်ကြောင့် တရုတ်နဲ့ အိန္ဒိယကြား ပဋိပက္ခဖြစ်စရာ အကြောင်းမရှိ
အာရက္ခတိုင်းမ်စ် (၉ ဇွန် ၂၀၂၆) ရွေးကောက်ပွဲအတုကနေ ပေါ်ထွက်လာတဲ့ အယောင်ဆောင်အစိုးရအဖွဲ့က သမ္မတအတု ဦးမင်းအောင်လှိုင်ကြောင့် တရုတ်နဲ့ အိန္ဒိယကြား ပဋိပက္ခဖြစ်စရာ အကြောင်းမရှိဘူးလို့ တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ ဦးမင်းအောင်လှိုင်ဟာ သမ္မတအတုအဖြစ် တာဝန်ထမ်းဆောင်စဉ် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့...
