ငဖဲ – စေတုတ္တရာကားလမ်းမပေါ်က စကမ စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ စီးနင်း
အာရက္ခတိုင်းမ်စ် (၁၂ ဧပြီ ၂၀၂၆) မကွေးတိုင်း စေတုတ္တရာမြို့နယ်က စစ်ကော်မရှင်တပ် ဂိတ်စခန်းတခုကို တော်လှန်ရေးပူးပေါင်းတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၈ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းနိုင်ခဲ့တယ်လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) က သတင်းထုတ်ပြန်ပါတယ်။ စစ်ကော်မရှင်ရဲ့ တပ်သားအင်အား ၃၀ကျော်နဲ့ တပ်စွဲထားတဲ့ ငဖဲ-စေတုတ္တရာကားလမ်းမပေါ်က ကင်ပွန်းခြုံကျေးရွာဂိတ်စခန်းကို...
