NewsPolitic

ဧရာဝတီတိုက်ပွဲ လေးမျက်နှာမြို့ထိ ရောက်လာ

အာရက္ခတိုင်းမ်စ် (၂၉ သြဂုတ် ၂၀၂၅)

ဧရာဝတီတိုင်းအတွင်း တိုက်ပွဲတွေဟာ လေးမျက်နှာမြို့နားအထိ ရောက်ရှိလာနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ ပြီးခဲ့တဲ့ ၂၇ ရက်နေ့က လေးမျက်နှာမြို့နားက ယင်းဆယ်ကျေးရွာကို ဒရုန်းဗုံး ၂ လုံးကျလို့ ဒေသခံပြည်သူတွေ ၁၅ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်” လို့ လေးမျက်နှာမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ဟာ ဧရာဝတီတိုင်း ဟင်္သာတခရိုင် လေးမျက်နှာမြို့နားက ယင်းဆယ်ကျေးရွာအနီးတွင် အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့တွေ ရှိမယ်အထင်နဲ့ ဒရုန်းနဲ့ တိုက်ခိုက်တာဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

“ ဒရုန်းက စာသင်ကျောင်းနားကို ကျတာ၊ ကျောင်းသား ကျောင်းသူတွေနဲ့ ဆရာ ဆရာမတွေ ဒဏ်ရာရသွားတယ်။ တိုက်ပွဲဖြစ်ပွားတာမရှိပဲ အခုလို ဗုံးချလို့ ဒေသခံတွေ စိုးရိမ်နေကြတယ်” လို့ သူက ထပ်မံပြောပါတယ်။

စစ်ကော်မရှင်ရဲ့ ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ဒဏ်ရာရရှိခဲ့သူအချို့ အိုင်သပြုဆေးရုံမှာ သွားရောက် ဆေးကုသနေတယ်လို့လည်း သိရပါတယ်။

လက်ရှိတွင် ဒရုန်းဗုံးကျရောက်ခဲ့တဲ့ ယင်းဆယ်ကျေးရွာကို စစ်ကော်မရှင်တပ်သားတွေ ယာယီစခန်းပြုလုပ်နေလို့ ဒေသခံပြည်သူတွေအနေနဲ့ စိုးရိမ်နေကြတယ်လို့လည်း သိရပါတယ်။

Related posts

သံတွဲမြို့ကို စစ်ကောင်စီဗုံးကြဲ၊ အမျိုးသမီး ၁ ဦး သေဆုံး

Rakhita Times

အကြမ်းဖက် စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရခိုင်မှာ တစ်ပတ်ကျော်အတွင်း အရပ်သား ၂၀ ကျော် သေဆုံး

Rakhita Times

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲ တောင်ကုတ်တွင် ကျင်းပ

Rakhita Times

1 comment

auto 363 ဖေ‌ဖော်ဝါရီ 24, 2026 at 8:26 ညနေ

A convenient car catalog auto ae catalog brands, models, specifications, and current prices. Compare engines, fuel consumption, trim levels, and equipment to find the car that meets your needs.

Reply

Leave a Comment