NewsPolitic

စကမ သက်ဆိုးရှည်သရွေ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ် အာမ မခံနိုင်

အာရက္ခတိုင်းမ်စ် (၁၄ စက်တင်ဘာ ၂၀၂၅)

စစ်ကော်မရှင် သက်ဆိုးရှည် တည်မြဲနေသရွေ့ ရက္ခိုင်ပြည်သာမက မြန်မာတနိုင်ငံလုံးက ပြည်သူလူထု အခွင့်အရေး၊ ကျောင်းသားထု အခွင့်အရေး နဲ့ အသက်အိုးအိမ်များအတွက် အာမ မခံနိုင်ဘူးလို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့တွေက ထုတ်ပြန်ခဲ့ပါတယ်။

“မိမိတို့ အနေနဲ့ ထိခိုက်သေဆုံးခဲ့ရတဲ့ ကျောင်းသား/သူ များ အမှန်တရားနဲ့ တရားမျှတမှုရရှိရေး၊ စစ်ကော်မရှင် အဆုံးသတ် နိဂုံးချုပ်ရေးအတွက် မမှတ်မသုန် ဆက်လက် တိုက်ပွဲဝင်သွားမယ်” လို့လည်း ဆိုပါတယ်။

ထို့အတူ စက်တင်ဘာလ ၁၂ ရက်က စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သရက်တပင်ရွာရှိ ကိုယ်ပိုင်စာသင်ကျောင်း ၂ ကျောင်းက ကျောင်းသား/သူ ၂၀ ဦး ဆေသုံးခဲ့ရတဲ့အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့လည်း ဆိုပါတယ်။

“လွတ်လပ်စွာ ပညာသင်ကြားခွင့်ဟာ ကျောင်းသား/သူများရဲ့ မွေးရာပါ အခွင့်အရေးဖြစ်ပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပညာသင်ကြားနေတဲ့ စာသင်ကျောင်းတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခြင်းဟာ စစ်ကော်မရှင်ရဲ့ မင်းမဲ့စရိုက်ဆန်ဆန် လူမျိုးတုန်းသတ်ဖြတ်မှုကို အရှက်တရားကင်းမဲ့စွာ စစ်ရာဇဝတ် ကျူးလွန်နေတာ” လို့လည်း ဆက်လက် ဆိုပါတယ်။

နိုင်ငံတကာ အဖွဲ့အစည်းအနေနဲ့ စစ်ကော်မရှင်ရဲ့ ပြည်သူလူထုအပေါ် ကျူးလွန်နေတဲ့ ရာဇဝ်မှုများကို ထိထိရောက်ရောက် ဆောင်ရွက်ပေးရန် တောင်းဆိုတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အထက်ပါ ထုတ်ပြန်ချက်ကိုတော့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ နဲ့ မိတ်ဖက်အဖွဲ့တွေဖြစ်ကြတဲ့ ကရင်နီပြည်ကျောင်းသားများသမဂ္ဂ၊ နည်းပညာတက္ကသိုလ် တောင်ငူကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)၊ MRO UNIVERSITY STUDENTS ASSOCIATION (MUSA)၊ ဧရာဝတီလူငယ်များသမဂ္ဂ (AYU) နဲ့ ပြည်သူ့ဝန်ထမ်းများသမဂ္ဂ (PSU) တို့ပဲ ဖြစ်ပါတယ်။

Related posts

ငါးခိုးဖမ်းသမား၂၄ ဦးကို BGB ထံ AA လွှဲပြောင်းပေး

Rakhita Times

ဘူးသီးတောင်တွင် မူဆလင်စစ်သည်များပါ ပါဝင်ကူညီလုပ်ဆောင်ပေး

Rakhita Times

ပုဏ္ဏားကျွန်း ယိုးငူရွာကို စကမဗုံးကြဲ အရပ်သားပြည်သူ ၁၂ ဦး သေဆုံး၊ ၂၀ ဦးထပ်မနည်း ထိခိုက်ဒဏ်ရာရ (Breaking News)

Rakhita Times

4 comments

Leave a Comment