NewsPolitic

တရုတ်က ဗဟိုအစိုးရနဲ့ လက်နက်ကိုင်တွေ သူ့အကျိုးစီးပွားကို မဆန့်ကျင်ဖို့ လုပ်နေ

အာရက္ခတိုင်းမ်စ် (၄ ဇွန်လ ၂၀၂၆)

တရုတ်အစိုးရအနေနဲ့ သူ့ရဲ့ အကျိုးစီးပွားတွေကို ရွေးကောက်ပွဲအတုကနေ ပေါ်ထွက်လာတဲ့ ဗဟိုအစိုးရနဲ့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့တို့ မဆန့်ကျင်အောင် နောက်ကွယ်ကနေ အားပေးနေတာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

တရုတ်ဟာ သူ့အကျိုးစီးပွားကို ဖော်ဆောင်တဲ့နေရာမှာ အယောင်ဆောင် ဗဟိုအစိုးရ ပြိုလဲ ပျက်စီးသွားမှာကိုလည်း မလိုလားဘူးလို့ သူက ပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက “သူကတော့ သူ့အကျိုးစီးပွား ဖော်ဆောင်တဲ့နေရာမှာ ဗဟိုအစိုးရ ပြိုလဲ ပျက်စီးသွားမှာကိုလည်း သူက မလိုလားဘူး။ ဘာကြောင့်ဆို ဗဟိုအစိုးရ ပျောက်သွားလို့ နောက်တက်လာမယ့် အစိုးရလည်း သူနဲ့ အဆင်မပြေမှာကို သူက စိုးတယ်။ ဒါကြောင့် သူက မြောက်ပိုင်းက ညီနောင် ၃ ဖွဲ့တို့၊ နောက် ရက္ခိုင်က AA တို့ကို နောက်ကွယ်ကနေ အားပေးနေပြီးတဲ့အခါကြတော့ သူ့ရဲ့ လူရင်းဖြစ်အောင် လုပ်ထားတာပေါ့။ လုပ်ထားတဲ့အခါကြတော့ ပြည်တွင်းက ဖွဲ့စည်းပုံ ဘယ်လိုအုပ်ချုပ်မလဲ ဆိုတဲ့ဟာကတော့ ကိုယ့် အချင်းချင်း ညှိနှိုင်းကြဆိုတဲ့ အနေအထားမျိုးနဲ့ ဖက်ဒရယ်စနစ်လို့ပဲပြောပြော၊ သူ့နိုင်ငံမှာ ကျင့်သုံးသလို တနိုင်ငံ စနစ် ၂ မျိုးနဲ့လို့ပဲပြောပြော သူက တည်တည်ငြိမ်ငြိမ်ဖြစ်ဖို့၊ လက်နက်ကိုင်ပဋိပက္ခတွေ မရှိတော့ဘဲနဲ့ အပေးအယူ တည့်နေဖို့ သူက အဲဒါပဲ မျှော်လင့်တာ။ အဲဒါဆိုရင် သူ ၂ ဖက်စလုံးပေါ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးကရော၊ ဗဟိုအစိုးရကရော သူ့အကျိုးစီးပွားကို မဆန့်ကျင်တော့ဘူး။ ကြိုက်တာလုပ်ပါ ခင်ဗျာပေါ့။ အဲဒီလိုတွေ ဖြစ်လာအောင် သူကတော့ မျှော်မှန်းပြီးတော့ ရှီကျင့်ဖျင်ကလည်း သူ့အသက်အရွယ်ကလည်း ကြီးလာတော့ သူလည်း အခုသူတို့ရဲ့ အခြေခံဥပဒေကို ပြင်ထားပြီးတော့ သက်တမ်း ၂ ဆက်ထက်ပိုပြီး ထမ်းဆောင်လို့ရအောင် ကြိုးစားထားရတာ။ သူ့သက်တမ်းအတွင်းမှာ ဒီဟာကြီးတွေကို ထိုင်ဝမ်ပေါင်းစည်းရေးကိစ္စနဲ့ မြန်မာနိုင်ငံကနေဖြတ်ပြီး အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ရဖို့ကိစ္စတွေကို သူမသေခင်၊ အနားမယူခင်မှာ အကောင်အထည် ဖော်သွားချင်တယ်လို့ သုံးသပ်တယ်” လို့ ပြောပါတယ်။

တရုတ်ဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်သလို ကမ္ဘာ့အင်အားကြီး နိုင်ငံတနိုင်ငံလည်း ဖြစ်တဲ့အပြင် မြန်မာ့နိုင်ငံရေးမှာလည်း ဝင်ရောက်စွက်ဖက်လျက် ရှိတာပါ။

အထူးသဖြင့် ရွေးကောက်ပွဲ ကျင်းပခိုင်းတာ၊ ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်ခိုင်းတာတွေ ပြုလုပ်ပြီး စစ်တပ်က ခေါင်းဆောင်ပိုင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင်တို့အကြား နိုင်ငံရေးကစားကွက်ကို စိတ်ကြိုက် ခြယ်လှယ် ကစားနေတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာ့ကမ်းလွန်ဖြစ်တဲ့ ရက္ခိုင်ပြည် ကျောက်ဖြူကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်းထားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာ တရုတ်နိုင်ငံ၏ အရေးပါသော မဟာဗျူဟာမြောက်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ BRI စီမံကိန်းကြီးမှာလည်း မြန်မာနိုင်ငံက အဓိက အချက်အချာ ကျနေတာပါ။

ဒါကြောင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက ဧပြီက မြန်မာနိုင်ငံကို ရောက်လာပြီး နှစ်နိုင်ငံ စီမံကိန်းတွေ ပြန်လည် စတင်ဖို့ ပြောခဲ့တဲ့အပြင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကလည်း နှစ်နိုင်ငံ စီမံကိန်းတွေ၊ စီးပွားရေး စင်္ကြံတွေ ပြန်လည်စတင်ဖို့ မေလမှာ အ‌တုအယောင် ဒုတိယသမ္မတတွေနဲ့ တွေ့ဆုံကာ ပြောဆိုခဲ့ပါသေးတယ်။

တရုတ်က အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို အရမ်း ဖြစ်မြောက်စေချင်တာကြောင့် မြန်မာနိုင်ငံကို တည်ငြိမ်တဲ့ အနေအထားမျိုး လိုချင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“တရုတ်ပြည်ကတော့ သူ့နိုင်ငံရဲ့ မဟာဗျူဟာ အကျိုးစီးပွားအရ မြန်မာနိုင်ငံကနေပြီးတော့ ဖြတ်ပြီးတော့ အိန္ဒိယသမုဒ္ဒရာကို ထွက်ပေါက်ရှာနေတာ။ အဲဒါက သူက လုပ်ချင်တယ်။ လုပ်ချင်တဲ့အချိန်မှာ ဒီဘက် မြန်မာနိုင်ငံအစိုးရကရော၊ ဒေသဆိုင်ရာ တိုင်းရင်းသားတွေကရော လက်ခံဖို့၊ ကြည်ကြည်ဖြူဖြူဖြစ်ဖို့ မျှော်လင့်တာပေါ့။ ပြီးခဲ့တဲ့ကာလတွေမှာ သူက အဲဒီလိုမျှော်လင့်ပြီးတော့ လုပ်ပေမယ့် NLD အစိုးရ တက်လာတဲ့အခါကြတော့လည်း ဒီစာချုပ်ကိုလက်မှတ်ထိုးထားပြီးတဲ့အခါကြတော့ တက်တက်ကြွကြွ အကောင်အထည် မဖော်ဘူး။ ဘာအကြောင်းမှလည်း မပြဘူး။ အဲဒီလိုတွေ ဖြစ်တဲ့အခါကြတော့ သူ့အနေနဲ့ နောက်တခါ ဦးသိန်းစိန်အစိုးရ လက်ထက်မှာကလည်း မြစ်ဆုံစီမံကိန်းကြီးကို တဖက်သတ် ရပ်ဆိုင်းလိုက်တယ်။ သူတို့ ပြန်ညှိနှိုင်းတာတွေတောင် မလုပ်ဘူး။ အဲဒီလို ဆိုတဲ့အခါကြတော့ သူတို့လည်း စိုးရိမ်တယ်။ စိုးရိမ်တော့ အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ အနေအထားကို ပိုင်ပိုင်နိုင်နိုင်ပေါ့ နိုင်ငံရေးအရ တည်ငြိမ်တဲ့ အနေအထား သူလိုချင်တယ်။ အဓိက သူက အဲဒါပဲ။ ပြီးရင် သူ့ရဲ့ အကျိုးစီးပွားပေါ့။ သူ့အကျိုးစီးပွား ထိခိုက်တဲ့ ကိစ္စတွေကို မလုပ်စေချင်ဘူး။ အဲဒီတော့ သူက ကျနော်တို့ အဓိက အကျိုးစီးပွားတွေနဲ့ လတ်တလော အကျိုးစီးပွား ၂ ခု တိုက်ဆိုင်ပြီးတဲ့ အခါကြတော့ ကျားဖြန့် နှိမ်နင်းရေးဆိုတာ ပေါ်လာတဲ့အခါမှာ သူက ၁၀၂၇ စစ်ဆင်ရေးကို မျက်စိမှိတ်ပြီးတော့ နောက်ကွယ်ကနေ အားပေးလိုက်တာပဲ။ အားပေးလိုက်ပေမယ့်လို့ အဲဒီက ရည်မှန်းချက်က သူမျှော်မှန်းထားတဲ့အထိ ရောက်တဲ့အခါကြ‌တော့ ရပ် ရပ် ရပ်ဆိုပြီး ရပ်ခိုင်းတာပေါ့” လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ အတုအယောင် သမ္မတဟာ တရုတ်ကို တန်ပြန်ဖို့အတွက် အိန္ဒိယနိုင်ငံခရီးစဉ်ကို သွားရောက်လျက်ရှိပြီး မကြာခင်မှာလည်း တရုတ်သမ္မတနဲ့ တွေ့ဆုံဖို့ တရုတ်နိုင်ငံကို သွားဖို့ရှိတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေတာပါ။

လက်ရှိ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းတွေအရ အင်အားကြီး အိမ်နီးချင်းနိုင်ငံကြီးတွေကြားထဲ မင်းအောင်လှိုင်အနေနဲ့ တစုံတခု လွှဲမှားသွားခဲ့မယ်ဆိုရင် မြန်မာ့ နိုင်ငံရေး အခင်းအကျင်းက ပိုပြီး ကျပ်တည်းသွားနိုင်တယ်လို့လည်း သုံးသပ် ထားကြပါတယ်။

Related posts

“ဝ” က နိုင်ငံတော်ကနေ ခွဲထွက်ဖို့၊ သီးခြား လွတ်လပ်ရေး ကြေညာဖို့ မရှိ

Rakhita Times

ကျောက်ဖြူ သိုင်းချောင်းဆည်အနီးတွက် စကမ စစ်ကြောင်းတပ်ပျက်၊ သေဆုံးသူများပြား

Rakhita Times

စစ်တွေက ဒုက္ခသည်စခန်းတွေမှာ ဒီနှစ်အတွင်း ကျန်းမာရေးကုသမှု မရောက်သေး

Rakhita Times

7 comments

https://rentry.co/ ဇွန် 13, 2026 at 11:08 မနက်

References:

Hitnspin casino ähnliche casinos https://rentry.co/

Reply
https://dragonara-casino-malta.online-spielhallen.de ဇွန် 15, 2026 at 6:24 ညနေ Reply
novomatic casino test ဇွန် 16, 2026 at 6:37 ညနေ

References:

Casino spiele kostenlos novomatic casino test

Reply
https://rentry.co/ ဇွန် 17, 2026 at 2:23 မနက်

References:

Sbobet casino https://rentry.co/

Reply
jobszimbabwe.co.zw ဇွန် 17, 2026 at 5:32 မနက်

References:

Arizona casinos jobszimbabwe.co.zw

Reply
https://undrtone.com/shockarrow75 ဇွန် 19, 2026 at 5:20 ညနေ

References:

Legiano Casino Freispiele https://undrtone.com/shockarrow75

Reply
skitterphoto.com ဇွန် 19, 2026 at 5:39 ညနေ

References:

Legiano Casino No Deposit Bonus skitterphoto.com

Reply

Leave a Comment