BusinessNewsPolitic

မီးနဂါးစစ်ဒေသက ရွှေ့ပြောင်းလုပ်သားတွေကို AA ဆန်ထောက်ပံ့

အာရက္ခတိုင်းမ်စ် (၇ ဇူလိုင် ၂၀၂၆)

ညီနောင်မဟာမိတ်အုပ်ချုပ်ရေးဒေသ မူဆယ်မြို့နယ် မိုင်းယု (၁၀၅) မိုင်အတွင်း စားဝတ်နေရေး အခက်အခဲရှိနေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို အာရက္ခတပ်တော်က ဆန်အိတ်တွေ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

“ညီနောင်မဟာမိတ်အဖွဲ့က ထောက်ပံ့တာ။ နှစ်ယောက်ကို ဆန် တစ်အိတ်နှုန်းနဲ့ ထောက်ပံ့ပေးခဲ့တာ” လို့ မူဆယ်မြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

၂၀၂၆ ခုနှစ် ဇူလိုင်လ ၆ ရက် ညနေ ၃ နာရီခန့်တွင် ရွှေ့ပြောင်းအလုပ်သမား ၆၂ ဦးကို နှစ်ဦးလျင် ဆန် တစ်အိတ်နှုန်းနဲ့ ဆန် ၃၁ အိတ်ကို ညီနောင်မဟာမိတ်အုပ်ချုပ်ရေးကော်မတီရုံးမှာ ထောက်ပံ့ပေးခဲ့တာလို့ သိရပါတယ်။

အလားတူ ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားတဲ့ ပန်ဆိုင်းမြို့နယ်ရှိ ရွှေ့ပြောင်းမြန်မာအလုပ်သမားများနဲ့ စစ်ရှောင်များကို ဇွန်လ ၁၉ ရက် မနက် ၁၀ နာရီခန့်တွင် အာရက္ခတပ်တော် (AA) က ဆန်အိတ်တွေ လှူဒါန်းခဲ့ပါတယ်။

အာရက္ခတပ်တော်က ဆန်အိတ်လှူဒါန်းပေးခဲ့တဲ့သူတွေဟာ ၁၀၂၇ စစ်စဉ်ရေးကာလအတွင်း ပန်ဆိုင်းမြို့ကို ထွက်ပြေး တိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်များနဲ့ အနယ်နယ်အရပ်ရပ်က အလုပ်လုပ်ကိုင်ရန် ပြောင်းရွှေ့ ရောက်ရှိလာကြတဲ့ သူတွေဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ- မိုင်းယု

Related posts

စကမ ဂိတ်အားလုံးက လွှတ်ပေးလိုက်တဲ့ မူးယစ်ဆေးပြား ၃၂ သိန်း ကို AA က ပန်းတောင်းတွင် ဖမ်းဆီးရမိ

Rakhita Times

ယိုးငူရွာ ထိခိုက် သေဆုံးသူတွေအတွက် စုစုပေါင်း သိန်း ၁၅၀၀ လှူဒါန်း

Rakhita Times

ရခိုင်ဘုရင် သီရိသုဓမ္မရာဇာ၏ သက်တော်စောင့် ဂျပန်လူမျိုးဆာမူရိုင်းများကို ရှာဖွေခြင်း – ၂ (နိဂုံးပိုင်း)

Rakhita Times

988 comments

Leave a Comment