NewsPolitic

ရေကြည်တွင် ရွေးတုအစိုးရတပ် AA ရှိမယ်ထင်တဲ့နေရာတွေကို လက်နက်ကြီးနဲ့ပတ်ခတ်လို့ သားအမိ ၂ ဦး သေဆုံး

အာရက္ခတိုင်းမ်စ် (၁၀ ဇူလိုင် ၂၀၂၆)

ဧရာဝတီတိုင်း ရေကြည်မြို့နယ်မှာ စစ်ရေးအရ ရှုံးနိမ့်နေတဲ့ ရွေးတုအစိုးရတပ်ဟာ အာရက္ခတပ်တော် ရှိနိုင်တယ်လို့ ထင်တဲ့နေရာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ဒေသခံပြည်သူ သားအမိ ၂ ဦး သေဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

“၈ ရက်နေ့က ဖြစ်တာပါ။ ဇီရိုးစမ်းရွာကို လက်နက်ကျတာလေ။ ၂ ကြိမ်တောင်ကျတယ်။ ပထမ ၁ လုံးမှာတင် သားအမိ နှစ်ယောက် ဆုံးတယ်။ နောက် ၁ လုံးမှာတော့ ရွာသားတွေ ဒဏ်ရာတွေ ရသွားကြတယ်” လို့ ရေကြည်မြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရွေးတုအစိုးရတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကျည်ဟာ ရေကြည်မြို့နယ် ကက္ကူကြီးကျေးရွာအုပ်စု၊ ဇီရိုးစမ်းကျေးရွာကို ကျရောက်ခဲ့တာဖြစ်ပြီး အသက် ၁၀ နှစ်အရွယ် ကလေးငယ်နဲ့ အသက် ၄၀ ကျော်အရွယ် မိခင်ဖြစ်သူ ဒေါ်ခင်ဌေးတို့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ အလားတူ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး သုံးဦးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။

အလားတူ ဇူလိုင်လ ၅ ရက်ကလည်း ဧရာဝတီတိုင်း ရေကြည်မြို့နယ်က ဘုရားကြီးရွာ လယ်ကွင်းကို ရွေးတုအစိုးရတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ခဲ့လို့ လယ်လုပ်နေတဲ့ ဒေသခံ နှစ်ဦးလည်း သေဆုံးခဲ့ပါတယ်။

၂၀၂၆ ခုနှစ် ဇူလိုင်လ ၂ ရက်တွင် ဧရာဝတီတိုင်း ရေကြည်မြို့နယ်ရှိ ရွေးတုအစိုးရတပ်ရဲ့ ၂၂၇ ပွိုင့်ကုန်း အနောက်ဘက် ၁.၁ ကီလိုမီတာခန့်အကွာတွင် တပ်စွဲထားတဲ့ ပထမ ကာကင်းကုန်းနေရာနဲ့ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃ ရက်တွင် ၂၂၇ ပွိုင့်ကုန်းကနေ ၁ ကီလိုမီတာခန့် အကွာအဝေးရှိ ဒုတိယ ကာကင်းကုန်း (တာဝါတိုင်စခန်းကုန်း) တို့ကို အာရက္ခတပ်တော်က သိမ်းပိုက်အပြီးမှာ ယခုလို ရွေးတုအစိုးရတပ်က လက်နက်ကြီးတွေနဲ့ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

၂၀၂၆ ခုနှစ် ဇွန်လ ၁၇၊ ၁၉၊ ၂၁ ရက်များတွင် ဧရာဝတီတိုင်း ရေကြည်မြို့နယ်ရှိ ရွေးတုအစိုးရတပ်ရဲ့ ပွိုင့် ၂၈၈၊ ပွိုင့် ၁၈၈ နဲ့ ပွိုင့် ၁၄၈ ကုန်းတို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ရယူခဲ့ပြီးနောက်တွင် တိုက်ပွဲများ နေ့စဉ် ရက်ဆက် ဖြစ်ပွားပြီး ရွေးတုအစိုးရတပ်ဟာ အဆိုပါ ပွိုင့်ကုန်းများကို ပြန်လည်ရယူနိုင်ရန်အတွက် စစ်အင်အားများကို ထပ်မံ ဖြည့်တင်းကာ ထိုးစစ်များကို မရပ်မနား ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

အဆိုပါ ကာကင်းစခန်းကုန်းသိမ်း တိုက်ပွဲများအတွင်း ရန်သူ့အလောင်းတချို့နဲ့ လက်နက်ခဲယမ်းတချို့ကို သိမ်းပိုက်ရရှိခဲ့ပြီး ပွိုင့် ၂၂၇ ကုန်းက ထွက်ပြေးနေတဲ့ တပ်မ ၆၆ လက်အောက်ခံ ခမရ ၁၀၈ တပ်ရင်းက တပ်သားတွေကို လိုက်လံ ချေမှုန်းနေတယ်လို့လည်း အာရက္ခတပ်တော်က ဆိုပါတယ်။

Related posts

အမ်းစစ်ဌာနချုပ်မှ ပစ်ခတ်သော ကျည်ထိမှန်သဖြင့် အရပ်သား ၄ ဦး သေဆုံး၊ ၁၀ ဦး နီးပါး ဒဏ်ရာရ

Rakhita Times

AA အနေနဲ့ ချဲဒိုင်များကို အရေးယူပေးရန် ပြည်သူတွေလိုလားနေ

Rakhita Times

တရုတ်အပေါ်မှာ KIA  နိုင်ဖဲရှိ

Rakhita Times

5 comments

images.google.cl ဩဂုတ် 21, 2026 at 12:43 မနက်

References:

Talking stick casino az images.google.cl

Reply
https://talkversecommunity.com ဩဂုတ် 22, 2026 at 2:02 မနက်

References:

Fruit machine games https://talkversecommunity.com

Reply
https://forum.myforevernotes.com ဩဂုတ် 22, 2026 at 3:12 မနက်

References:

San manuel indian casino https://forum.myforevernotes.com

Reply

Leave a Comment