Home Page 13
NewsPolitic

ရက္ခိုင်ပြည်အနှံ့ ချင်းအမျိုးသားနေ့ ကျင်းပ

Rakhita Times
အာရက္ခတိုင်းမ်စ် (၂၂ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေများတွင် ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဖေဖော်ဝါရီလ ၂၀ ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ “ သံတွဲ၊ တောင်ကုတ်မှာလည်း လုပ်တယ်။ အဲဒီနေ့ကဆိုရင် လေယာဉ်တွေ တောက်လျောက်ဝဲနေတာ၊ ကြောက်ကြောက်နဲ့ပဲ လုပ်ကြတာပေါ့။ ဒီလို အခမ်းအနားနဲ့က မလုပ်တာကြာပြီလေ။ အခုတော့ ပြန်လုပ်ခွင့်ရလို့ ဝမ်းသာပျော်ရွှင်နေကြတယ်”  လို့ သံတွဲမြို့နယ်က ချင်းအမျိုးသားတဦးက ပြောပါတယ်။ ကျင်းပခဲ့တဲ့ ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က တာဝန်ရှိသူများ၊ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက တာဝန်ရှိသူများ၊ ဒေသအုပ်ချုပ်ရေးမှူးများ ၊ လူမှုရေးဆိုင်ရာနဲ့ ပညာရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ အလားတူ ရက္ခိုင်ပြည် လေးမြို့ဒေသတွင်လည်း ပြည်သူ တထောင်ကျော်နဲ့ စည်ကားစွာ ကျင်းပြပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။ အဆိုပါ အခမ်းအနားတွင် ချင်းအမျိုးသားအလံကို အလေးပြုချီတက်ခြင်း၊ ချင်းရိုးရာဝတ်စုံများနဲ့ အကအလှဖြင့် ဖျော်ဖြေခြင်း၊ ရိုးရာဂီတ တီးခတ်ခြင်းများနဲ့ ယဉ်ကျေးမှုပြပွဲများလည်း ထည့်သွင်းကျင်းပခဲ့ပြီး ပွဲကိုတက်ရောက်လာကြတဲ့ ရွာသားများနဲ့ ဧည့်သည်များကို ထမင်းဟင်းများနဲ့ တည်ခင်းကျွေးမွေးခဲ့တယ်လို့ သိရပါတယ်။ အာရက္ခတပ်တော်က ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ပေးပို့တဲ့ သဝဏ်လွှာတွင် “ ချင်းနဲ့ ရက္ခိုင် သမိုင်းသစ်ရေးထိုးမယ်”  လို့ ထည့်သွင်း ဖော်ပြထားပါတယ်။
NewsPolitic

ရက္ခိုင်မှာ ဗိုလ်ချုပ်က သံတမန်ရေးကျွမ်းကျင်တဲ့အတွက် စိတ်ပူစရာမလိုလို့ ပြော

Rakhita Times
အာရက္ခတိုင်းမ်စ် (၂၁ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည်မှာ အာရက္ခတပ်တော်ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စစ်ရေး၊ သံတမန်ရေး ကျွမ်းကျင်တဲ့အတွက် အားလုံးနဲ့ ရင်းနှီးသင့်မြတ်တဲ့ ဆက်ဆံရေး မရှိမှာကို စိတ်ပူစရာ မလိုကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးခွန်းဆိုင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ ၂၀၁၉
NewsPolitic

■ ထရမ့်ဂယက်နဲ့ ကမ္ဘာ့အစီအစဉ်သစ်

Rakhita Times
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သူ့ရဲ့ ပထမသက်တမ်းတုန်းက ဂရင်းလန်းကျွန်းကို ဝယ်ဖို့ စိတ်ကူးရှိတယ်လို့ ပြောလိုက်တော့ တကမ္ဘာလုံးဟာ မယုံနိုင်သလို ဖြစ်သွားကြတယ်။ ဒါကြီးက ပေါက်ပေါက်ရှာရှာ၊ မဖြစ်နိုင်တဲ့ ကိစ္စ၊ အိမ်ခြံမြေ အရောင်းအဝယ် အရေခြုံထားတဲ့ နယ်ချဲ့အိပ်မက်တခု စသဖြင့် မြင်ခဲ့ကြတာကိုး။ ဒါပေမဲ့ ဂရင်းလန်းဟာ တကယ်လည်း အရေးပါနေတာ
HealthNewsPolitic

မြောက်ဦးဆေးရုံ ပြန်လည်ထူထောင်ရေးအတွက် ဂျပန်ယန်း သောင်း-၁၅၀ Arakan Union (Japan) လှူဒါန်း

Rakhita Times
အာရက္ခတိုင်းမ်စ် (၂၁ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည် မြောက်ဦးဆေးရုံ ပြန်လည်ထူထောင်ရေးအတွက် ဂျပန်ယန်း သောင်း-၁၅၀ နဲ့ ညီမျှတဲ့အလှူငွေကို Arakan Union (Japan) အသင်းက လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဂျပန်ယန်း သောင်း-၁၅၀ နဲ့ ညီမျှတဲ့ (မြန်မာငွေ- ၃၈၄၆၀၀၀၀ ကျပ်) တိတိကို အာရက္ခပြည်သူ့ကျမ်းမာရေးဌာနကို လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ အသင်းရဲ့ တာဝန်ရှိသူတဦးက ဆိုပါတယ်။ “ မြောက်ဦးကိစ္စနဲ့ပတ်သက်ပြီး လှူဒါန်းထားတာကျတော့ ညိီမတို့က ဒီဂျပန်မှာရှိတဲ့ ရက္ခိုင်အစည်းအရုံး ဂျပန်ပေါ့နော်။ Arakan Union (Japan) အသင်းရဲ့ လုပ်ထုံးလုပ်နည်းပါပဲ။ အရေးပေါ်လိုအပ််လို့  လှူဖို့လိုအပ်ပြီဆို ဘယ်နေရာမဆို လှူပေးရတော့မှာပေါ့နော်။ လှူပေးဖို့ အမြဲတမ်းရှိတယ်။ နောက်ပြီးတော့ ရက္ခိုင်တပြည်လုံး အတိုင်းအတာနဲ့ ယှဥ်မယ်ဆိုရင် အဓိက ပိုပြီး အရေးတကြီး လိုအပ်တဲ့နေရာကို အရင်ဆုံးသွားပြီး လှူပေးတဲ့ သဘောမှာရှိတယ်ပေါ့နော်။ ရက္ခိုင်ပြည်ရဲ့ ဘယ်ဒေသမှာမဆို စစ်ဘေးဒဏ် သဘာဝဘေးဒဏ် အဲ့လိုမျိုး ခံရတဲ့ နေရာဒေသတွေက လူတွေအကုန်လုံးကိုအဆင်ပြေ ချောင်ချိတဲ့အတွက် တတ်နိုင်သမျှကို ပံ့ပိုးပေးနေတာပါ။ နောက်ပိုင်း လိုအပ်လာရင် လိုအပ်သလို ကူညီဖို့ အဆင်သင့်ရှိပါတယ်”  လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ ရက္ခိုင်အစည်းအရုံး (ဂျပန်) ဟာ ရက္ခိုင်ပြည်တွင်းမှာရှိတဲ့ ရက္ခိုင်ပြည်သူလူထုအပြင် အမျိုးမျိုးသော အကြောင်းများနဲ့ ခိုလှုနေကြတဲ့ တခြားတိုင်းရင်းသားတွေ အပါအဝင် ဒုက္ခရောက်နေသူတွေကို ကူညီထောက်ပံ့ဖို့ ဖွဲစည်းထားတဲ့ အသင်းဖြစ်တာကြောင့် ရက္ခိုင်ပြည်တွင်းမှာ ကြုံသမျှ ဘေးဒုက္ခ မှန်သမျှကို တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးမှာ ဖြစ်တယ်လို့ အဆိုပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။ မြောက်ဦးအပြင် ပြီးခဲ့တဲ့လအတွင်းမှာလည်း  ကျောက်ဖြူမြို့ရှိ စစ်ဘေးရှောင်တွေအတွက် သိန်း ၃၀၀ နီးပါး ကူညီလှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။
NewsPolitic

စစ်အာဏာရှင်ကို တိုက်နေတဲ့အဖွဲ့အချင်းချင်း ပဋိပက္ခမဖြစ်ဖို့လို

Rakhita Times
အာရက္ခတိုင်းမ်စ် (၂၀ ဖေဖော်ဝါရီ ၂၀၂၆) ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးနဲ့ မိသားစုဝင်တွေ စစ်အုပ်စုထံ လက်နက်ချအလင်းသွားပြီးနောက် စစ်အာဏာရှင်ကိုတိုက်နေတဲ့ အဖွဲ့အချင်းချင်း ပဋိပက္ခ မဖြစ်ဖို့လိုတယ်လို့ တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ တော်လှန်ရေးတစ်ရပ်မှာ အခုလိုမျိုး အလင်းဝင်၊ လက်နက်ချတဲ့ ကိစ္စရပ်တွေဟာ ဖြစ်နေကြ၊ ရှိနေကြ
NewsPolitic

ကပစ ၁၆ ကို စကမ အင်အားထပ်မံဖြည့်တင်း၊ ဗုံးကြဲမှုကြောင့် တောမီးလောင်နေ

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၉ ဖေဖော်ဝါရီ ၂၀၂၆) ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံအနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲနေရာကို စစ်ကော်မှရှင်က တပ်သားအင်အား ၄၀၀ ကျော် ဖြည့်တင်းနေပြီး ဗုံးကြဲမှုကြောင့် တောတောင်များတွင် တောမီးများလောင်ကျွမ်းနေတယ်လို့ သိရပါတယ်။ “ ကားတန်းက တော်တော်ရှည်တယ်။ ၁၅ စီး အစီး ၂၀ လောက်ရှိတယ်။ ခန့်မှန်း တစီးမှာ လူ ၂၀ ပဲ ပါအုန်းလေ၊ အနည်းဆုံး ၃၀၀ နဲ့ ၄၀၀ ကြားပဲ”  လို့ စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်’မ်စ်ကို ပြောပါတယ်။ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်ကော်မရှင်ရဲ့ အမှတ် (၁၆) ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံကို နေပြည်တော်စစ်ရုံးကနေ ကုန်ထုတ်လုပ်မှု ရပ်ခိုင်းလိုက်ပြီး အသေခံ ခုခံတိုက်ခိုက်ရန် စစ်စခန်း ပြင်ဆင်ခိုင်းထားတာလည်း ဖြစ်ပါတယ်။ “ အခုက လက်နက်ကြီးနဲ့ တောက်လျောက်ကို ပစ်နေတာ၊ အဓိက ပစ်နေတဲ့နေရာကတော့ ပွိုင့် ၂၈၈ ကပေါ့။ အဲဒီစခန်း တောင်ကုန်းပေါ်ကနေ ပစ်နေတာ။ အဲဒီစခန်းက ကပစ ၁၆ နဲ့ အနီးဆုံးပဲ”  လို့ သူက အာရက္ခတိုင်းမ်စ်ကို ထပ်မံပြောပါတယ်။ အဆိုပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် သစ်ပင်ကြီးငယ်များအပါအဝင် တောမီးလောင်ကျွမ်းနေတယ်လို့လည်း သိရပါတယ်။ ကပစ ၁၅ အနီးတွင် ကာကင်းစခန်းတွေဖြစ်တဲ့ ပွိုင့် (၃၅၃)၊ ပွိုင့် (၂၈၈) နဲ့ ပွိုင့် (၅၀၆) စခန်းကုန်းတို့ ကျန်ရှိနေတာလည်း ဖြစ်ပါတယ်။ စစ်ကော်မရှင်ရဲ့ ကပစ ၁၆ ဟာ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး လက်အောက်ခံ ကပစ တွေထဲက တခုဖြစ်ပြီး စစ်ဗျူဟာအရ အရေးပါတဲ့ လက်နက်ခဲယမ်း ထုတ်လုပ်ရေးစက်ရုံ တခုလည်း ဖြစ်ပါတယ်။ ပန်းတောင်းမြို့နယ်ရှိ စစ်ကော်မရှင်ရဲ့ အမှတ် (၁၆) ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံဟာ ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှာရှိပြီး ရက္ခိုင်ပြည်နဲ့ ပဲခူးတိုင်းအစပ်မှာ တည်ရှိတာကြောင့် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေအတွက် ရက္ခိုင်ကနေ အလယ်ပိုင်းကို ထိုးဖောက်ဖို့ လမ်းကြောင်းသစ်တခု ဖြစ်လာနိုင်တယ်လို့လည်း စစ်ရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။ 
NewsPolitic

လေးတောင်မြို့နဲ့ အနီးဝန်းကျင်ကို စကမ ဗုံးကြဲ နှစ်ယောက်သေ၊ နှစ်ယောက်ဒဏ်ရာရ 

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၉ ဖေဖော်ဝါရီ ၂၀၂၆)  ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့နဲ့ အနီးဝန်းကျင်ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ဒီကနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်က လေးတောင်မြို့နဲ့ အနီးဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။  ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ နှစ်ဦး သေဆုံးသွားပြီးတော့ နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ကနဦး သိရပါတယ်။  စကမတပ်ဟာ သရက်ချိုကျေးရွာမှ ရဲစခန်းဟောင်းနဲ့ စျေးကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။  အဆိုပါ ဗုံးကြဲမှုနဲ့ ပတ်သက်ပြီး သတင်းအသေးစိပ်ကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။  မနေ့ကလည်း ကျောက်ဖြူမြို့နယ်၊ မိကျောင်းရေသောက်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဗုံးကြဲလို့ အမျိုးသမီး နှစ်ဦး သေဆုံးသွားခဲ့ပါတယ်။  ဒါ့အပြင် ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ကျောက်တော်မြို့နယ်ကြား၊ ချောင်းတူရွာအနီး စစ်သုံ့ပန်း အကျဉ်းစခန်းထားရှိခဲ့တဲ့ နေရာအနီးတဝိုက်ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ယမန်နေ့က ထပ်မံဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။  ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်ကလည်း ကျောက်တော်နဲ့ မြောက်ဦးမြို့တို့ကို ဗုံးကြဲခဲ့မှုကြောင့် လသားကလေးငယ် တဦးအပါအဝင် အရပ်သား ၇ ဦးနဲ့ သေဆုံးခဲ့ရပါတယ်။
NewsPolitic

KIO က လုံခြုံရေးအတွက် ရက္ခိုင်၊ ချင်း တို့နဲ့ ဆက်ဆံရေး ခိုင်မာစွာတည်ဆောက်နေ

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၉ ဖေဖော်ဝါရီ ၂၀၂၆) ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဟာ သူ့ရဲ့ လုံခြုံရေးအတွက် ရက္ခိုင်၊ ချင်း၊ စစ်ကိုင်းတို့နဲ့ ဆက်ဆံရေးကို ခိုင်မာစွာ တည်ဆောက်မှာပဲလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးခွန်းဆိုင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ “KIO ရဲ့သေနင်္ဂဗျူဟာကို ကြည့်မယ်ဆိုရင် ဘယ်နည်းနဲ့မဆို တဖက်က တရုတ်နဲ့ဆက်ဆံရေးကို ထိန်းသိမ်းထားသလို
Uncategorized

စစ်တွေခရိုင်အတွင်း နီပါးရ်ဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနေ

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၉ ဖေဖော်ဝါရီ၂၀၂၆) ရက္ခိုပြည် စစ်တွေခရိုင်အတွင်းတွင် နီပါးရ်ဗိုင်းရပ်စ် (Nipah Virus) ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခပြည်သူ့ကျန်းမာရေးဌာနနဲ့အတူ DLEPS၊ HDCO၊ အုပ်ချုပ်ရေးဌာနများ ပူးပေါင်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်က စတင်ကာ စစ်တွေခရိုင်အတွင်းရှိ အများပြည်သူများ သွားလာနေတဲ့ လမ်း၊ ဈေး၊ ကားဂိတ်၊ လမ်းဆုံလမ်းခွ နေရာများတွင် အာရက္ခပြည်သူ့ကျန်းမာရေးဌာန နဲ့ပူးပေါင်းအဖွဲ့များက နီပါးရ်ဗိုင်ရပ်စ် (Nipah Virus) ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး (ဗီနိုင်း) ဆိုင်းဘုတ်များထောင်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း စတာတွေကို ပူးပေါင်းလုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ပြည်သူလူထုများအနေနဲ့ နီပါးရ်ဗိုင်းရပ်စ်(Nipah) သံသယဖြစ်ဖွယ် လက္ခဏာများ ဖြစ်ပေါ်လာပါက အနီးအနားရှိ ပြည်သူ့ကျန်းမာရေးဌာနကို အမြန်ဆုံး ဆက်သွယ်အကြောင်းကြားကြရန် တိုက်တွန်း နှိုးဆော်ထားပါတယ်။ လက်ရှိတွင် နီပါးရ်ဗိုင်းရပ်စ်ရောဂါအတွက် ကုသရန် ဆေးဝါးမရှိသေးတဲ့အတွက် ကြိုတင်ကာကွယ်ခြင်းဟာ အကောင်းဆုံးကာကွယ်ဖြစ်တယ်လို့လည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက သတိပီးထုတ်ပြန်ထားပါတယ်။ နီပါးရ်ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး မိဘပြည်သူများအနေနဲ့ ပေါ့ပေါ့ဆဆ မနေထိုင်ကြရန်နဲ့ ရောဂါကူးစက် ပြန့်ပွားလာပါက အသက်အန္တာရာယ်ရှိနိုင်တဲ့အတွက် သတိထားကြရန် လိုအပ်တယ်လို့လည်း သတိပေးထားတယ်လို့ သိရပါတယ်။ ရက္ခိုင်ပြည်အတွင်းရှိ ပြည်သူတို့အနေနဲ့ နီပါးရ်ဗိုင်းရပ်စ် (Nipah Virus) ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေး ဟောပြောခြင်းများကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဆက်လက်လုပ်ဆောင်ပေးနေတယ်လို့လည်း သိရပါတယ်။ Photo – Golden Era Media
EducationNewsPolitic

ရက္ခိုင်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးနေသလို၊ စည်းကမ်းလိုက်နာရန် လုပ်ဆောင်နေ

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၉ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည်က အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေများတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးနေသလို့ စည်းကမ်းလိုက်နာရန်အတွက်လည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွင် ယာဉ်စည်းကမ်း ၁၀ ချက်နဲ့ ယာဉ်မောင်းများအတွက် စည်းကမ်း ၁၉ ချက်တို့ကို လိုက်နာရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် အသိပေး ထုတ်ပြန်ထားပါတယ်။ အဆိုပါ စည်ကမ်းချက်တွေ မလိုက်နာသူတွေကို DLEPS အဖွဲ့များက ခေတ္တခေါ်ယူကာ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ မေးခွန်းများကို စာရွက်ပေါ်တွင် ဖြေဆိုခိုင်းပြီး မဖြေဆိုနိုင်တဲ့သူများကို ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး စာအုပ်များကို ဖတ်ရှုခိုင်းပြီး ရှင်းပြပေးမှုများ ပြုလုပ်နေတယ်လို့ သိရပါတယ်။ “ စည်းကမ်းမလိုက်နာသူတွေကို ဒဏ်ငွေရိုက်တာတွေ၊ စည်းကမ်းချက်တွေကို ဖြေဆိုခိုင်းတာတွေ လုပ်နေတယ်။ ဒါက ကောင်းတာပဲလေ။ စည်းကမ်းလိုက်နာမှ အန္တရာယ်ကင်းမှာလေ။ ကျမတို့ကတော့ သဘောကျတယ်”  လို့ မြောက်ဦးမြို့ဒေသခံ မဖြူချေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ ​ရက္ခိုင်ပြည်က မြို့အချို့မှာတော့ စည်းကမ်းမလိုက်နာသူတွေကို ဒဏ်ငွေရိုက်တာ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးဥပဒေ ပုဒ်မ-၈၇ အရ ထောင်ဒဏ် (ဒါမှမဟုတ်) ဒဏ်ငွေ သုံးသောင်းကျပ်စီကို သက်ဆိုင်ရာတရားရုံးကနေ အရေးယူတာမျိုးတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။ ယာဥ်မတော်တဆမှုကြောင့် ဒေသခံပြည်သူ ထိခိုက်သေဆုံးမှုများ လျော့ပါးလာစေရန်အတွက် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးမှုများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တစိုက်မတ်မတ်လုပ်ဆောင်နေပြီး ဒေသခံပြည်သူများအနေနဲ့လည်း ယာဥ်အန္တရာယ်လျော့ပါးအောင် စည်းကမ်းများကို လိုက်နာကာ ပူးပေါင်းဆောင်ရွက်ကြပါရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တိုက်တွန်းထားပါတယ်။ ဓာတ်ပုံ- One Nation News