Home Page 14
NewsPolitic

စစ်တွေကို ဆုံးရှုံးရမှာစိုးလို့ ငပြီကျွန်းနဲ့ ဝီရဌာနီကို စစ်ကောင်စီ ဗုံးအလုံး ၂၀၀ နီးပါးကြဲချ တိုက်ခိုက်

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၅ အောက်တိုဘာ ၂၀၂၆) ရက္ခိုင်ပြည် စစ်တွေမြို့နယ်န ထိစပ်နေပြီး အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ငပြီကျွန်းကို ထိုးစစ်ဆင်ပေမယ့် စစ်ရေးအရ ရှုံးနိမ့်သွားလို့ စစ်ကောင်စီက ဂျက်ဖိုက်တာ၊ Y-12 လေယာဉ် အသုံးပြုပြီး အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ အောက်တိုဘာလ ၁၅
NewsPolitic

လေယာဉ်ဆီထုတ်လုပ်မယ့် သန်လျင်ရေနံချက်စက်ရုံ အပိုင်း (၁) ကို စစ်ကောင်စီ ဖွင့်လှစ်

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၅ အောက်တိုဘာ ၂၀၂၆) တရုတ်နိုင်ငံရဲ့ နည်းပညာနဲ့ စက်ကိရိယာအကူအညီများဖြင့် လေယာဉ်ဆီ ထုတ်လုပ်နိုင်ရန် စီစဉ်ထားတဲ့ သန်လျင်ရေနံချက်စက်ရုံ (အပိုင်း ၁) ကို အောက်တိုဘာလ ၁၄ ရက်က ဖွင့်လှစ်လိုက်တယ်လို့ စစ်ကောင်စီရဲ့ သတင်းစာများတွင် ဖော်ပြထားပါတယ်။ အဆိုပါ ဖွင့်ပွဲကို စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်
NewsPolitic

RNP ပါတီ မလေးရှားက ပြန်ပို့ခံရတဲ့ ရက္ခိုင် ၂၁၇ ဦးနဲ့ တွေ့ဆုံ၊ နေရပ်ပြန်ရေးအတွက် ကတိမပေးခဲ့

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၅ အောက်တိုဘာ ၂၀၂၆) ရခိုင်တိုင်းရင်းသားများပါတီ (RNP) နဲ့ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ဟာ မလေးရှားနိုင်ငံ ပြန်လည်ပို့ဆောင်လိုက်တဲ့ ရက္ခိုင်လူမျိုး ၂၁၇ ဦးနဲ့ အောက်တိုဘာလ ၁၂ ရက်က သွားရောက် တွေ့ဆုံခဲ့ပြီး နေရပ်ပြန်နိုင်ရေးအတွက် ကတိမပေးခဲ့ဘူးလို့ သိရပါတယ်။ အဆိုပါတွေ့ဆုံပွဲကို နယ်စပ်ဒေသ၊ တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးကော်မတီ
NewsPolitic

ရက္ခိုင်စစ်မြေပြင်မှာ နပခတိုင်းမှူးကိုယ်တိုင် ရာထူးတိုးပေးခဲ့တဲ့ စစ်မှုထမ်း စောသာဝါး သေဆုံး

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၅ အောက်တိုဘာ ၂၀၂၆) ရက္ခိုင်စစ်မြေပြင်မှာ ရွံ့ရွံ့ချွံချွံ တိုက်ပွဲဝင်ခဲ့တယ်ဆိုပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တိုင်းမှူးကိုယ်တိုင် ရာထူးတိုးမြှင့်ပေးခဲ့တဲ့ စစ်မှုထမ်းတပ်သား စောသာဝါးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်က ရက္ခိုင်ပြည် ရှေ့တန်းတစ်နေရာမှာ သေဆုံးသွားပြီဖြစ်တယ်လို့ သူ့ဇနီးဖြစ်သူရဲ့ လူမှုကွန်ရက်မှာ ရေးသားချက်တွေအရ သိရပါတယ်။ ပခုက္ကူအခြေစိုက်
NewsPolitic

 ဂွ – ကျောက်ချွန်းကို စစ်ကောင်စီတပ် လေ-ရေကူနဲ့ ထိုးစစ်ဆင်နေ

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၅ အောက်တိုဘာ ၂၀၂၆) ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ ဘောမိကျေးရွာကို ခြေကုပ်ယူထားတဲ့ တပ်မ (၆၆) ရဲ့ လက်အောက်ခံတပ်များဟာ မကျည်းဇင်ကျေးရွာဘက်ကို ဦးတည်ရွှေ့လျားနေလို့ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ သာပေါင်း-မကျည်းဇင် လမ်းကြောင်းအတိုင်း အဆိုပါတပ်များ စစ်ကြောင်းထိုးလာလို့ ဘောမိ၊ ဂျိုင်လယ်နဲ့ မကျည်းဇင်ကျေးရွာ ဝန်းကျင်တို့တွင်
NewsPolitic

ရက္ခိုင်ပြည်က စစ်ဘေးရှောင်များနဲ့ ဗုံးကြဲခံရသူများအတွက် သိန်း (၂,၀၀၀) ကျော် ထောက်ပံ့ပေးအပ်

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၄ အောက်တိုဘာ ၂၀၂၆) ရက္ခိုင်ပြည်အတွင်းရှိ အကြီးဆုံး စစ်ဘေးရှောင်စခန်း ၄ ခုတွင် ခိုလှုံနေကြတဲ့ လူဦးရေ ၇,၅၀၀ ခန့်ရှိတဲ့ အိမ်ထောင်စု ၁,၆၀၇ စုအတွက် တစ်စုလျှင် ငွေကျပ် ၁ သိန်းနှုန်းနဲ့ စုစုပေါင်း ငွေကျပ် ၁,၆၀၇ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့တယ်လို့
NewsPolitic

စစ်ကောင်စီရဲ့ ငပြီကျွန်းထိုးစစ် မအောင်မြင်သေးဘဲ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၄ အောက်တိုဘာ ၂၀၂၆) ရက္ခိုင်ပြည် ကုလားတန်မြစ်ဝရှိ ဗျူဟာကျတဲ့ ငပြီကျွန်းကို စစ်ကောင်စီတပ်က အပြည့်အဝ သိမ်းပိုက်နိုင်ခဲ့ခြင်း မရှိသေးဘဲ အောက်တိုဘာလ ၁၂ ရက်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း TNISO ရဲ့ အချက်အလက် စစ်ဆေးချက်များအရ သိရပါတယ်။ အောက်တိုဘာလ ၁၀ ရက်
NewsPolitic

စစ်တွေအစပ် တိုက်ပွဲပြင်းထန်၊ AA က စခန်းငယ် ၉ ခုထိ သိမ်းပိုက်ထား

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၄ အောက်တိုဘာ ၂၀၂၆) ရက္ခိုင်ပြည် စစ်တွေနဲ့ ပေါက်တောမြို့နယ်စပ်ရှိ အောင်မင်္ဂလာနဲ့ ရေချမ်းပြင်ကျေးရွာဘက်တွင် အာရက္ခတပ်တော် နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၁၀ ရက်နဲ့ ၁၁ ရက်တို့တွင် အောင်မင်္ဂလာဘက်ရှိ စစ်ကောင်စီရဲ့ ကင်းစခန်းတွေကို အာရက္ခတပ်တော်က
NewsPolitic

အယ်လ်နီညိုကြောင့် အပူချိန်မြင့်တက်ပြီး အပူရှပ်သေဆုံးသူနဲ့ မူးလဲသူများ ဆက်တိုက်ရှိလာ

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၄ အောက်တိုဘာ ၂၀၂၆) အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် ရာသီဥတုအပူချိန် အရှိန်အဟုန်မပျက် မြင့်တက်နေပြီး ဒီရက်ပိုင်းအတွင်းမှာပင် အပူရှပ်လို့ သေဆုံးသူ ၂ ဦးအပြင် လေဖြန်းခြင်းနဲ့ မူးလဲမှုများ ဆက်တိုက် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၁၃ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ ဘုရင့်နောင်
NewsPolitic

AA က သုံ့ပန်းနဲ့ လက်နက်သိမ်းအပြီး စစ်ကောင်စီက မင်းတုန်းက ရွာတွေကို ပါရာမော်တာနဲ့ ဗုံးကြဲ

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၄ အောက်တိုဘာ ၂၀၂၆) မကွေးတိုင်း၊ မင်းတုန်းမြို့နယ်ဘက်ကနေ အမ်းမြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို အာရက္ခတပ်တော် နဲ့ ပူးပေါင်းမဟာမိတ်တပ် က ကြားဖြတ်တိုက်ခိုက်ရာ သုံ့ပန်းနဲ့ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ပြီးနောက် စစ်ကောင်စီဘက်က ကျေးရွာတွေကို ပါရာမော်တာနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ