Home Page 8
ArticelsEnvironmentHealthLife StylePolitic

မြစ်ဝကျွန်း‌ပေါ်အရပ်မှာ ရေရှားနေပြီလား

Rakhita Times
တာပလု မြစ်ဝကျွန်းပေါ်အရပ်ဟာ ရေတွေဘောင်းလံ၊ ဘောင်းလျှံရှိတဲ့အရပ်၊ ရေလမ်းခရီးကိုပဲ အားထားရတဲ့အရပ်၊ ရေဆိုတာ အိမ်အောက်ဆင်းလိုက်တာနဲ့ ရေချိုရနိုင်တဲ့ အရပ်ဒေသတခု ဖြစ်ပါတယ်။ လှေမရှိရင် တအိမ်နဲ့ တအိမ် ကူးလူးသွားလာဖို့ အဆင်မပြေပါဘူး။ ရွာ သာရေး၊ နာရေး ကိစ္စရပ်တွေနဲ့ ကလေးတွေ ကျောင်းသွားဖို့အတွက်ပါ လှေ၊ စက်လှေတွေကို အဓိကအားထား
NewsPolitic

ကပစ-၁၆ ကို AA က လက်နက်ကြီးများဖြင့် ပစ်ခတ်၊ စက်ရုံရဲ့ အဓိကနေရာများ ထိမှန်

Rakhita Times
အာရက္ခတိုင်းမ်စ် (၅ မတ်၂၀၂၆) ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခတ်ခဲ့လို့ စက်ရုံရဲ့ အဓိကနေရာ ၃ နေရာကို ထိမှန်ခဲ့တယ်လို့ ကနဦး သိရပါတယ်။ “ တပ်တော်နဲ့ မဟာမိတ်တွေက ဒီလ ၁ ရက်နေ့တည်းက
NewsPolitic

ပလက်ဝက စစ်သုံ့ပန်း နဲ့ အကျဉ်းသား ၃၀ ဦးကို AA ပြန်လွှတ်ပေး

Rakhita Times
အာရက္ခတိုင်းမ်စ် (၅ မတ် ၂၀၂၆) အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝခရိုင်အတွင်းက စစ်သား၊ ရဲနဲ့ အရပ်ဘက် အကျဉ်းသားအပါအဝင် ၃၀ ဦးကို အာရက္ခတပ်တော်က မတ်လ ၄ ရက် မနက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ ပြန်လွှတ်ပေးတဲ့သူတွေထဲမှာ စစ်သား ၁၆ ဦး၊
NewsPolitic

ယိုးငူရွာ ထိခိုက် သေဆုံးသူတွေအတွက် ၁၃၈ သိန်း ထပ်မံလှူဒါန်း

Rakhita Times
အာရက္ခတိုင်းမ်စ် (၅ မတ်လ၂၀၂၆) ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူရွာက ထိခိုက် သေဆုံးခဲ့သူတွေအတွက် ၁၃၈ သိန်း ထပ်မံလှူဒါန်းခဲ့တယ်လို့ စာရေးဆရာ ဝေဟင်အောင်က ဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်၊ မွန်းလွဲ ၂ နာရီ ၆ မိနစ်မှာ စစ်ကော်မရှင်က လေကြောင်းကနေ
NewsPolitic

ရက္ခိုင်အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားပြောဆိုမှုကို ရက္ခိုင်အဖွဲ့အစည်းတွေ ကန့်ကွက်

Rakhita Times
အာရက္ခတိုင်းမ်စ် (၄ မတ် ၂၀၂၆) ရက္ခိုင်အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး စော်ကားပြောဆိုမှုကို ကန့်ကွတ်ကြဖို့နဲ့ စော်ကားပြောဆိုသူတွေကို အရေးယူဖို့ ကျောက်တော်လူငယ်များအစည်းအရုံးနဲ့ မင်းပြားလူငယ်များအစည်းအရုံးတို့က ထုတ်ပြန်လာပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၃ ရက်က ရက္ခိုင်လူငယ်အဆိုတော် တနင်္ဂနွေအပါအဝင် လူ ၄ ဦး တို့က ရက္ခိုင်အမျိုးသမီးတွေအပေါ်
HealthNewsPolitic

မောင်တောတွင် ၅ နှစ်အောက်ကလေးတွေကို တတိယအကြိမ် ကာကွယ်ဆေးထိုးပေးနေ

Rakhita Times
အာရက္ခတိုင်းမ်စ် (၄ မတ် ၂၀၂၆) ရက္ခိုင်ပြည် ၊ မောင်တောမြို့နယ်တွင် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေတဲ့ အသက် ၅ နှစ်အောက် ကလေးငယ်တွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက မတ်လ ၃ ရက်ကစတင်ကာ တတိယအကြိမ်အ‌ြေဖစ် ကာကွယ်ဆေး ထိုးနှံပေးနေတယ်လို့ သိရပါတယ်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ၂ လ နဲ့
NewsPolitic

စကမက စက်သုံးဆီချွေတာရေး စုံနံပါတ်ပါတဲ့ကားတွေ စုံရက်မှာပဲ မောင်းနှင်ရမယ်လို့ဆို

Rakhita Times
အာရက္ခတိုင်းမ်စ် (၄ မတ် ၂၀၂၆) စစ်ကော်မရှင်ရဲ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပုဂ္ဂလိကပိုင်ယာဉ်တွေဟာ လစဥ် စုံရက်တွေမှာ စုံအက္ခရာနဲ့ မ ရက်တွေမှာ မ အက္ခရာ နံပါတ်ပါယာဉ်တွေ မောင်းနှင်အသုံးပြုကြဖို့ ထုတ်ပြန်လာပါတယ်။ အဲဒီအစီအစဉ်ကိုတော့ မတ်လ ၇ ရက်နေ့မှ စတင်ကြဖို့
HealthNewsPolitic

ယိုးငူရွာဖြစ်စဉ် သေဆုံးသူ ၁၉ ဦးထိ ရှိလာပြီး အရေးပေါ်လူနာတချို့ စိုးရိမ်နေရ

Rakhita Times
အာရက္ခတိုင်းမ်စ် (၃ မတ်လ ၂၀၂၆) ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူရွာဖြစ်စဉ်မှာ သေဆုံးသူ ၁၉ ဦးထိ ရှိလာနေပြီး အရေးပေါ်လူနာတချို့ စိုးရိမ်ရတယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ စာရေးဆရာဝေဟင်အောင်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်မှာ အသက် ၇ နှစ် အရွယ်ရှိ မအေးငြိမ်းသွယ်
NewsPolitic

စကမ နေဗီက ငပလီဒေသခံ ငါးဖမ်းသမား ၅ ဦးကို ဖမ်းဆီး၊ စက်လှေသိမ်းပြီး နေဗီပေါ်ကနေ ပင်လယ်ထဲကန်ချ

Rakhita Times
အာရက္ခတိုင်းမ်စ် (၃ မတ် ၂၀၂၆) ရက္ခိုင်ပြည် သံတွဲခရိုင် ငပလီမြို့ ဒေသခံ ငါးဖမ်းသမား ၅ ဦးကို စစ်ကော်မရှင်ရဲ့ နေဗီက ဖမ်းဆီးသွားပြီး စက်လှေကို သိမ်းကာ ငါးဖမ်းသမား ၅ ဦးကိုတော့ နေဗီကနေ ပင်လယ်ထဲ ကန်ချခဲ့တယ်လို့ သိရပါတယ်။ “ငပလီကမ်းခြေက စက်လှေတစီးနဲ့ ငါးသွားဖမ်းတဲ့ ငါးဖမ်းသမား ၅ ယောက်ကို စစ်ကောင်စီနေဗီက ဖမ်းတယ်။ ငါးဖမ်းသမားတွေကို နေဗီထက်သို့တင်ပြီး မင်းတို့ငါးယောက် နေဗီထက်မှာ သေချင်သလား၊ ရေထဲမှာ သေချင်သလား ဆိုပြီးတော့ မေးတယ်တဲ့။ ငါးဖမ်းသမားတွေကလည်း ရေထဲမှာပဲ သေချင်ပါတယ်လို့ ပြန်ပြောကြတော့ စက်လှေကို သိမ်းထားလိုက်ပြီး ငါးယောက်လုံးကို နေဗီပေါ်ကနေ ကန်ချလိုက်တယ်” လို့ ငပလီမြို့ ဒေသခံတဦးက ဆိုပါတယ်။ စစ်ကော်မရှင်က ရေထဲကန်ချခံလိုက်ရတဲ့ ငါးဖမ်းသမား ငါးဦးဟာ ပင်လယ်ထဲမှာ ရေကူးနေစဉ် ဆီဗူးအဝါဗူး တယောက် တဗူးဆီ ပစ်ပေးပြီး လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။ “သူတို့ ငါးဖမ်းသမား ငါးယောက်က  လူစုမကွဲရအောင် ကြိုးစားရင်း ကမ်းရှိရာဖက်ကို ကူးလာကြတယ်တဲ့။ ကံကောင်းလို့ ငါးရှာထွက်လာတဲ့ ကျော့ပိုက်စက်လှေနဲ့တွေ့လို့ ကယ်တင်လာကြတယ်” လို့ သူက ဆက်ပြောပါတယ်။ စစ်ကော်မရှင်ဟာ ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေတွေက ငါးဖမ်းစက်လှေတွေကို ဖမ်းဆီးပြီး ပစ္စည်းသိမ်းတာတွေ၊ လူကိုပါ ဖမ်းဆီးခေါ်ဆောင်သွားတာတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်လာနေတာလည်း ဖြစ်ပါတယ်။ ဇန်နဝါရီလကလည်း ရက္ခိုင်ပြည် ပေါက်တောမြို့နယ်က ရေလုပ်သား မူဆလင်တွေကို စစ်ကော်မရှင်ရဲ့ နေဗီက စစ်တွေမြို့ကို ဖမ်းဆီးခေါ်ဆောင်တာတွေ ပြုလုပ်ခဲ့ပါတယ်။ အလားတူ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်ကလည်း ပေါက်တောမြို့နယ် ဆင်တက်မော်ရွာက မွတ်ဆလင်ရေလုပ်သား ၂၈ ဦးနဲ့အတူ ငါးဖမ်းလှေ ၃ စီး လည်း ဖမ်းဆီးခဲ့ပါသေးတယ်။
NewsPolitic

AA ရဲ့ ဒရုန်းကြောင့် စစ်တွေက စကမ တပ်သား ၂၀ ခန့် သေဆုံး

Rakhita Times
အာရက္ခတိုင်းမ်စ် (၃ မတ် ၂၀၂၆) အာရက္ခတပ်တော်က ဒရုန်းနဲ့ ပတ်ခတ်တိုက်ခိုက်မှုကြောင့် စစ်တွေမြို့ ရွှေမင်းဂံရေတပ်စခန်းက စစ်ကော်မရှင် တပ်သား ၂၀ ခန့် သေဆုံးသွားတယ်လို့ သိရပါတယ်။ “ AA က လက်နက်ကြီးတွေနဲ့ ပစ်တယ်။ မင်းဂံ ရေတပ်စခန်း ရှိတဲ့နေရာတွေအထိ Speed Boat