အာရက္ခတိုင်းမ်စ် (၁၂ ဒီဇင်ဘာ ၂၀၂၄)
ရက္ခိုင်ပြည်က အာရက္ခတပ်တော် ရဲ့ လွတ်မြောက်နယ်မြေတွေမှာ အုပ်ချုပ်ရေး အကူးအပြောင်းလုပ်ဆောင်ရာမှာ စိန်ခေါ်မှုတချို့ ရှိနေတယ်လို့ ရက္ခိုင်ဒေသခံများက ပြောပါတယ်။
အာရက္ခတပ်တော် က ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတချို့က အာဏာကို အသုံးချပြီးတော့ ဒေသခံတွေရဲ့ လယ်ယာတွေ၊ မြေနေရာတွေကို အလွဲသုံးစား လုပ်တာတွေ ရှိနေတယ်လို့ သိရပါတယ်။
ဘိုးဘွားစဉ်ဆက် လုပ်ကိုင်နေထိုင် လာခဲ့ကြတဲ့ မြေနေရာတွေကို အုပ်ချုပ်ရေးမှူးတွေက အာဏာကို သုံးပြီးတော့ သူနဲ့ ရင်းနှီးတဲ့ သူ့ရဲ့ လူတွေကို နေထိုင်ခွင့်နဲ့ လုပ်ကိုင်ခွင့် ပေးတာတွေ ရှိနေတယ်လို့ ရက္ခိုင်ဒေသခံတစ်ယောက်က ပြောပါတယ်။
“ဘယ်အစိုးရပဲတက်တက် အာဏာရူးတဲ့သူတချို့က အာဏာရူးပြီးတော့ ကိုယ်နဲ့ သက်ဆိုင်တဲ့ ကျေးရွာတွေမှာ အာဏာပြတာတို့၊ အနိုင်ကျင့်တာတို့တွေက ကြားနေရတယ် အာရက္ခတပ်တော်မှာလည်းလေ။ ဘယ်လိုမျိုးရှိတာလဲဆိုတော့ သဘောက ဆိုလိုတာက ဒီနေရာက သဘောက အန်တီတို့ ဘိုးဘွားမိဘ အစဉ်ဆက်ကတည်းက အန်တီတို့မှာ ဂရန်တော့ မရှိဘူး၊ ဒါပေမယ့် တောရွာတွေမှာက ဒီနေရာက လုပ်ကိုင်စားသောက်နေတာဆိုတော့ သူ့နေရာ ဖြစ်နေပြီလေ။ အဲဒါကို အန်တီ့ဘေးနားကတစ်ယောက်က အန်တီ လူကြီးမဟုတ်တော့ သူလူကြီး ဖြစ်သွားတဲ့အချိန်မှာ အန်တီ့ကို မလိုတော့ သူ့လူကြီးနဲ့ ပတ်သက်တဲ့ ပါတနာကို ဒီမြေကွက်ကို လုပ်စားဖို့ ပေးတယ်ဆိုတော့ အန်တီက အနှင်ခံရတာပေါ့။ ငါခေါင်းဆောင်မို့လို့ ငါလုပ်ချင်တာ လုပ်လို့ရတယ်၊ ခေါင်းဆောင်မိန်းမမို့လို့ ဘယ်လိုဆိုတဲ့အရာတွေက အန်တီတို့ ကြားနေရတယ်။ အခု လောလောဆယ် အဲဒီလွတ်မြောက်နယ်မြေတွေမှာ ဖြစ်နေတာ” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
တရားစီရင်ရေး၊ အုပ်ချုပ်ရေးပိုင်းတွေမှာ တချို့ပုဂ္ဂိုလ်တွေက စနစ်တကျ လေ့ကျင့်ထားတဲ့ ဝန်ထမ်းတွေ မဟုတ်တာကြောင့် လုပ်ပိုင်ခွင့် အလွဲသုံးစားတွေ ရှိနေတာတွေ ဖြစ်တယ်လို့လည်း ထောက်ပြကြပါတယ်။
ဒါ့ကြောင့် အလွဲသုံးစားလုပ်တဲ့သူတွေကို ဖော်ထုတ်ပြီး ထိုက်တန်တဲ့ အပြစ်ပေးတာတွေ လုပ်ဆောင်ဖို့ လိုအပ်သလို အဲဒီလို လုပ်ဆောင်နေတာတွေကိုလည်း ပြည်သူတွေကို အသိပေးသင့်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာရက္ခတပ်တော်အနေနဲ့ လယ်ယာမြေ၊ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ ဥပဒေတွေကို သေချာပြဋ္ဌာန်းပြီး အုပ်ချုပ်ရေးအပိုင်းကို တည်ဆောက်မယ်ဆိုရင် ပိုပြီး ကောင်းမယ်လို့ အမ်းမြို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“ဒီနေ့ ဒီအချိန်ထိတော့ ရက္ခိုင်ပြည်ထဲမှာ သိမ်းပိုက်ပြီးတော့ ပြန်ပြီးတော့ တည်ဆောက်နေတယ်ပေါ့နော်။ တချို့ကျတော့ လမ်းကြောင်းထဲကို တစိုက်မတ်မတ် ဝင်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်ပေါ့နော်။ အဲဒီ ပုဂ္ဂိုလ်ကနေပြီး အုပ်ချုပ်ရေးမှူးတစ်ယောက်ကို သူတို့ကနေပြီးတော့ မလုပ်တတ်၊ မကိုင်တတ်တဲ့ အခြေအနေမျိုးမှာတော့ အမှားအယွင်းတွေ ဖြစ်နိုင်တယ်ပေါ့နော်။ ဒါပေမယ့် ရက္ခိုင့်တပ်တော် (အာရက္ခတပ်တော်) အနေနဲ့ လယ်ယာမြေဥပဒေတွေကို သေသေချာချာ ပြဋ္ဌာန်းပြီးတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ ဥပဒေတွေ၊ အဲဒီဥပဒေတွေကို သေသေချာချာ ပြဋ္ဌာန်းပြီးတော့ လုပ်ရင်တော့ ဒါက အမှားအယွင်း မရှိနိုင်ဘူးပေါ့နော်။ သူက အုပ်ချုပ်ရေးအဖွဲ့ကို ဥပဒေတွေ၊ နည်းဥပဒေတွေက အဆင်မပြေတဲ့ အနေအထားမှာ တိကျတဲ့ မူဝါဒတွေ မထုတ်ပြန်ရင်တော့ ဒီလိုအဖြစ်တွေက ရှိနိုင်တယ်ပေါ့နော်။ အုပ်ချုပ်ရေးအပိုင်းဆိုရင် ပြည်သူတွေကို မားမားမတ်မတ် ရပ်တည်နိုင်တဲ့သူတွေကို တကယ့်တကယ် လုပ်နိုင်ရင်တော့ ပိုကောင်းတာပေါ့နော်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ရက္ခိုင်ပြည်ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး မဏ္ဍိုင်တွေမှာ လူအရင်းအမြစ် မပြည့်စုံတာတွေကြောင့် လိုအပ်ချက်ရှိနေတာတွေကို ရက္ခိုင်က ပညာတတ်လူငယ်တွေအနေနဲ့ တတ်နိုင်တဲ့နေရာတွေကနေ မဏ္ဍိုင်တိုင်းမှာ ပါဝင်ကူညီကြဖို့ကိုလည်း အာရက္ခတပ်တော် က တိုက်တွန်းထားတာကိုလည်း တွေ့ရပါတယ်။

7 comments
новинки кино онлайн zfilm-hd официальный сайт зеркало
сервис mail рассылок сервисы email рассылок в россии
Hello guys!
I came across a 153 valuable platform that I think you should browse.
This site is packed with a lot of useful information that you might find valuable.
It has everything you could possibly need, so be sure to give it a visit!
https://thetechyworld.com/misc/what-are-the-betting-bonuses-that-come-with-online-sports-betting-sites/
Furthermore don’t overlook, everyone, that a person constantly are able to in this particular article find responses for the most complicated inquiries. The authors made an effort to present the complete content via an extremely easy-to-grasp manner.
Hello team!
I came across a 153 useful resource that I think you should take a look at.
This tool is packed with a lot of useful information that you might find insightful.
It has everything you could possibly need, so be sure to give it a visit!
https://bitcios.com/graduating-soon-keep-an-eye-on-these-universities/
And do not forget, guys, which a person always may in this particular piece discover responses to the most tangled questions. Our team tried to present all information in the extremely easy-to-grasp manner.
квартира сочи район жк светский лес сочи
химчистка сдать обувь химчистка обуви цена
Лучшее казино ап икс скачать играйте в слоты и live-казино без лишних сложностей. Простой вход, удобный интерфейс, стабильная платформа и широкий выбор игр для отдыха и развлечения.