NewsPolitic

AA က ပလက်ဝမှာ လူကူးတံတား ဆောက်ပေးနေ

အာရက္ခတိုင်းမ်စ် (၂၄ ဇွန် ၂၀၂၅)

အာရက္ခတပ်တော်အနေနဲ့ ပလက်ဝမြို့နယ်မှာရှိတဲ့ ကျေးရွာများ သွားလာရေးလွယ်ကူစေဖို့ လူကူးတံတားတွေ တည်ဆောက်ပေးနေတယ်လို့ ပလက်ဝဒေသခံတွေက ပြောပါတယ်။

“ ဒိုးချောင်းဝရွာမှာ အောက်ရွာ နဲ့ အထက်ရွာ သွားလာရေးခက်ခဲတယ်လေ။ အဲဒါကြောင်း လူကူးတံတားတွေ ဆောက်ပေးတာ။ တံတားအသေး ၄ စီးပေါ့။ ဒီလ ၁၉ ရက်က ပြီးသွားပြီ” လို့ ပလက်ဝမြို့ ဒေသခံ ၁ ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ လူကူးတံတား ၄ စီး ကို ပလက်ဝမြို့နယ် ဒိုးချောင်းဝတိုက်နယ် ဒိုးချောင်းဝရွာမှာ ဆောက်လုပ်ပေးခဲ့တဲ့တာပဲ ဖြစ်ပါတယ်။

“ ပလက်ဝဆိုတာက ရေလမ်းကိုပဲ အဓိကအားထားနေရတာလေ။ ၁ ရွာ နဲ့ ၁ ရွာ ကြားမှာလည်း ချောင်းငယ်တွေက ရှိနေတော့ ကလေးတွေ ၁ ရွာ နဲ့ ၁ ရွာ သွားဖို့ အရမ်းခက်တယ်။ အခုလို လုပ်ပေးတော့ သွားလာရတာ လွယ်ကူသွားတာပေါ့” လို့ ပလက်ဝမြို့နယ် ဒေသခံ ၁ ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ ပလက်ဝမြို့နယ်မှာရှိတဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတဲ့ ကျေးရွာတွေမှာလည်း လူကူးတံတားတွေ ဆက်လက်တည်ဆောက်ဖို့ အာရက္ခတပ်တော်အနေနဲ့ စီစဉ်နေတယ်လို့ သိရပါတယ်။

Related posts

အသား ငါး မစားဘဲ မင်းအောင်လှိုင်အသား စားလိုက်ချင်တယ်

Rakhita Times

တောင်ကုတ်မှ ရိုးလမ်းကိုဖြတ်ကျော်ပြီး စစ်ဘေးရှောင်ထွက်ပြေးနေသူတွေ ခရီးလမ်းကြမ်းတမ်းမှုကြောင့် လမ်းမှာသေဆုံးသွားသူများရှိနေ

Rakhita Times

သံတွဲကို ညသန်းခေါင် စစ်ကောင်စီ ဗုံးလာကြဲ၊ ၃ ဦး ဒဏ်ရာရ

Rakhita Times

Leave a Comment