ArticelsLife Style

နယ်ဘက်၊ ကျေးဘက်က သတင်းသမား

အမျိုးသမီး သတင်းထောက်တယောက် ဖမ်းဆီးခံရတယ် ဆိုတဲ့ သတင်းကို ကြားရတယ်။ အကြောင်း အရာ အလုံးစုံကို မသိရသေးပေမယ့် စစ်ပွဲကာလမှာ လိုက်နာရမယ့် စည်းကမ်းဘောင်တွေကို ကျော်ပြီး အများပြည်သူ လုံခြုံရေးကို ထိခိုက်စေတဲ့ အပြောအဆို အလုပ်အကိုင်တွေကြောင့် ခေါ်ယူ စစ်ဆေး နေတယ်လို့ သိရတယ်။ ဒါဟာ AA အနေနဲ့ သတင်းထောက်တယောက်ကို ဖမ်းဆီး၊ စစ်ဆေးတာ ပထမဆုံးအကြိမ်လို့ ဆိုနိုင်ပါတယ်။ အရင်တော့ ခေါ်ယူပြီး သတိပေး ပြောဆိုကာ ပြန်လွှတ်ပေးခဲ့ တာမျိုးတွေ ရှိခဲ့ပါတယ်။

ဒီနေရာမှာတော့ မှားတယ်၊ မှန်တယ်ဆိုတာထက် သတိကြီးကြီးနဲ့ ဆင်ဆင်ခြင်ခြင် နေထိုင် သွားလာကြဖို့ အရေးကြီးတယ်လို့ ထင်မိပါတယ်။ သတင်းထောက်တွေဟာ လူသားပဲကိုး။ လူသားဆိုတော့ လူသားခံ စားချက်တွေ ရှိနေမှာပဲ မဟုတ်လား။ တခါတရံတော့ ပွတ်တိုက်မှုတွေဟာ အနည်းအများ ရှိတတ်ကြ မြဲပါ။

မြန်မာနိုင်ငံမှာတော့ အာဏာသိမ်းပြီး နောက်ပိုင်း သတင်းထောက်တွေများစွာ ဖမ်းဆီး၊ ထောင်ချခံ ရတာတွေ ရှိတယ်။ ကမ္ဘာပေါ်မှာလည်း ဒီအတိုင်းပါပဲ သတင်းထောက် ဖမ်းဆီးခံရ၊ သတ်ဖြတ်ခံရတဲ့ သတင်းတွေကိုလည်း ဖတ်နေရတော့ သတင်းထောက်တယောက် အဖမ်းခံရတယ်ဆိုတာကတော့ သိပ်အဆန်းကြီး မဟုတ်ပါဘူး။

ဒါပေမယ့်လည်း ရက္ခိုင်ပြည်အတွင်းက နယ်ဘက်၊ ကျေးဘက်တွေမှာ သတင်းရယူနေတဲ့ အမျိုးသမီး သတင်းထောက် ဖမ်းဆီးခံရတယ် ဆိုတာကိုတော့ ကျနော့်အနေနဲ့ အဆန်းလို့ မြင်မိတယ်။ လက်နက် ကိုင် တော်လှန်းရေးအဖွဲ့တခုအနေနဲ့ သတင်းသမားတယောက်ကို ဖမ်းတယ်ဆိုတာကတော့ ဆန်းကြယ်တယ်လို့ ခံစားမိသလို၊ ဒါဟာ AA က ဖမ်းတဲ့ ပထမဆုံး သတင်းသမားဖြစ်လို့လည်း ပိုပြီး ဆန်းသလို မြင်မိတယ်။

နယ်ဘက်၊ ကျေးဘက်က သတင်းထောက်တွေရဲ့ ဘ၀ကို ကိုယ်ချင်းစာမိတယ်။ ကိုယ်ချင်းစာတယ်ဆို တာကလည်း ကိုယ်တိုင်က နယ်ဘက်၊ ကျေးဘက် သတင်းထောက်အဖြစ် လုပ်ကိုင်လာခဲ့တဲ့သူ ဆိုတော့ ဒီသတင်းထောက်တွေရဲ့ ခံစားမှုတွေကို နည်းနည်းတော့ သိပါတယ်။

ဒီနယ်ဘက်၊ ကျေးဘက်က သတင်းထောက်တွေကို ကြည့်ရင်တော့ များသောအားဖြင့် ကဗျာ၊ စာပေနဲ့ အနုပညာ အခံရှိတဲ့ လူငယ်တွေကို တွေ့ရမှာ ဖြစ်တယ်။ အသက်မွေးနိုင်ဖို့အတွက် ကဗျာရေးမလား၊ သတင်းရေးမလားဆိုရင် သတင်းပဲ ရေးကြလိမ့်မယ်။ သတင်းရေးရင် စာမူခကို ချက်ချင်း ရနိုင်တယ်။ တိုက်တစ်ခုခုမှာ သတင်းထောက် ဝင်လုပ်ရင် လစာနည်းများမဆို လကုန်ရင် ရနိုင်တယ်။ ကဗျာစာအုပ် ကလေးတအုပ်အတွက် ကြိုးကုတ်ပြီးတော့ ရှာထားတဲ့ ငွေလေးတွေနဲ့ စာအုပ်ထုတ်နိုင်ခဲ့ပေမယ့် ဝယ်ဖို့ ပရိတ်သတ်မရှိလေတော့ ကဗျာဆရာလောကို စွန့်လာခဲ့ကြတယ်။

တကယ်တော့ ဒီနယ်ဘက်က သတင်းထောက်တွေဟာ တပ်မက်စရာ ကောင်းလောက်တဲ့ လုပ်ခလစာ တွေကို ရကြတာ မဟုတ်ကြပါဘူး။ သူတို့ရတဲ့ လစာလေးနဲ့ မိသားစုကို ထောက်ပံ့ဖို့ မပြောနဲ့ တကိုယ် တည်းတောင် လောက်ငှမှုမရှိတဲ့ အခြေအနေတွေပဲ ဖြစ်ပါတယ်။ ဝါသနာအရ ၊ ရွေးချယ်စရာမရှိလို့၊ မျှော်လင့်ထားတဲ့ အလုပ်ကလေး မရခင်စပ်ကြား ဝင်ငွေလေးရအောင် လုပ်ကြည့်တာမျိုးတွေနဲ့ နယ်သ တင်းထောက်ဘဝကို စခဲ့ကြသူတွေလို့ ဆိုနိုင်တယ်။ တချို့ကလည်း တကယ် ဒီအလုပ်ကိုပဲ ဝါသနာပါ ပြီးတော့ မရမချင်း ကြိုးစားသွားတဲ့ လူငယ်တွေလည်း ရှိပါတယ်။ နယ်သတင်းထောက်ဘဝကို စပြီဆိုရင်တော့ သတင်းတွေ ရေးမယ်၊ သတင်းလိုက်မယ် စသဖြင့်ပေါ့။

 ၂၀၁၀ ခုနှစ် အလွန်ကစပြီးတော့ အာဏာမသိမ်းမီအထိ ရက္ခိုင်မှာ မီဒီယာတွေ အသီးသီးပေါ်ထွန်းလာခဲ့ တယ်။ ဒါ့ကြောင့်လည်း သတင်းစာလောကဟာ လူငယ်တွေအတွက် အလုပ်ကိုင် အခွင့်အလမ်း တခုလို ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် မီဒီယာတွေက အလုပ်ခေါ်ရင် လူ ၃ ဦးနဲ့ ၅ ဦးထက်ကို မပိုကြပါဘူး။ ဒီလို အလုပ်ခေါ်စာလေးကို လိုင်းပေါ်မှာ တင်လိုက်ရင် ဘွဲ့ရ၊ ဆယ်တန်းအောင်လူငယ် ရာနဲ့ချီပြီး အလုပ် လျှောက်ထားကြတယ်။ တကယ်အလုပ်ခန့်တော့ ၃ ယောက် ၅ ယောက်ပဲ ခန့်နိုင်တယ်။

တချို့ မီဒီယာတွေကလည်း ခေါ်သင့်တာကို မခေါ်ပဲ လူ ၂၀ အင်အားရှိရမှာကို ၁၀ ဦးနဲ့ လည်ပတ်တယ်။ ၁၀ ဦးနဲ့ လည်ပတ်ရမယ့် ယန္တရားကို ၅ ဦးနဲ့ လည်ပတ်တယ်။ ဒီလို လုပ်ကိုင်ကြရတော့ အလုပ်ထဲမှာ ပိပြီး ညီးငွေ့လာကြတယ်။ အခုလို စစ်ပွဲကာအတွင်း အနိဌာရုံတွေကြားမှာ သတင်းရယူနေကြတဲ့ အချိန်တွေ မှာဆို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနဲ့ ထိခိုက်ခံစားမှုဟာ အနည်းနဲ့ အများဆိုသလို စိုးရိမ်ထိတ်မှုတွေ ကြုံကြ ရတယ်။

ဒီလို အလုပ်တွေ ပိနေမယ့်လည်း နယ်ဘက်၊ ကျေးဘက်က သတင်းထောက်တွေဟာ မိမိတို့ရဲ့ အထက် လူကြီးတွေကို စောဓက မတက်ရဲကြပါဘူး။ ဘာကြောင့်လည်းဆိုတော့ ရှိတဲ့အလုပ်လေး ပျက်စီးသွား မှာကို စိုးရိမ်ကြတယ်။ ဒီအလုပ်ကို မလုပ်ရင် ဘာလုပ်မှာလဲ။ ရက္ခိုင်က မီဒီယာအများစုဟာ ဝန်ထမ်းခေါ် တာ အလွန် ရှားပါးပါတယ်။ နောက်တခုက မီဒီယာတွေ အကုန်လုံးနီးပါးကလည်း ကိုယ့်ခြေထောက်ပေါ် ရပ်တပ်ဖို့ ကြိုးစားနေကြရတဲ့ အချိန်လည်းဖြစ်တော့ သတင်းထောက်တွေအတွက် အလုပ်အကိုင်ဟာ အခုလိုအချိန်မှာ အလွန်ရှားပါးလှပါတယ်။

နယ်ဘက် မီဒီယာအများစုကလည်း အလှူရှင်တွေဆီက ရရှိတဲ့ငွေအပေါ်မှာ မူပြီးတော့ ရပ်တည် နေကြရ တာ ဖြစ်တယ်။ ငွေရှာတဲ့လူက မီဒီယာအဖွဲ့အစည်းကြီးတွေ၊ INGO၊ သံရုံးတွေမျိုး မိမိ မီဒီယာ လည် ပတ်နိုင်ဖို့အတွက် အဆက်အသွယ်တွေ ရှာဖွယ်ကြရတယ်။ ဒီလို ရှာတဲ့အခါအမှာလည်း အပြန်အလှန် အပေးအယူတွေနဲ့ လုပ်ဆောင်ကြရတာ ဖြစ်တယ်။ ဥပမာ- တရုတ်စီမံကိန်းတွေကို စောင့်ကြည့်တာမျိုး တွေလိုပေါ့။ ဒီလိုမျိုး မီဒီယာလည်ပတ်ဖို့ ရရှိလာတဲ့ ငွေတွေကိုလည်း သက်ဆိုင်ရာ အယ်ဒီတာတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုတော့ ချပြလေ့ မရှိကြပါဘူး။ ငွေရှာတဲ့ အယ်ချုပ်၊ ဒါရိုက်တာ စတဲ့လူတွေက ဒီအလုပ်ကို လုပ်ကိုင်သွားတယ်။ အချိန်တန်တော့ လစာ ဘယ်လောက်ဆိုတာလောက်ပဲ အောက်ခြေက သိကြရတာ ဖြစ်တယ်။

လေ့လာမိသလောက်ကတော့ အာဏာမသိမ်းမီအချိန်အထိ ရက္ခိုင်နယ်ဘက် မီဒီယာတွေမှာ တာဝန်ခံ အယ်ဒီတာအဆင့် တာဝန်ကို ထမ်းဆောင်ရသူတောင် လစာ ၈ သိန်း မပြည့်ပါဘူး။ နောက်တခုကတော့ နယ်ဘက်သတင်းတိုက်ဟာ ရာထူးတိုးပေးတယ် ဆိုတာကလည်း အလွန် ရှားပါးပါတယ်။ ထူ ထောင်တဲ့လူ ၂ ယောက် ၃ ယောက်ခန့်သာ အပေါ်ပိုင်းရာထူးတွေကို ယူထားတော့ အောက်ခြေက တက်လာမယ့် ရာထူးဟာ မရှိတော့ဘူး။ အယ်ဒီတာတယောက် အလုပ်က ထွက်သွားရင် အယ်ဒီတာ အဆင့်ကို ခေါ်ခန့်လိုက်တယ်။ အောက်ခြေမှာ အငယ်တန်းအဆင့်၊ အကြီးတန်းအဆင့် လုပ်လာကြတဲ့ သတင်းထောက်တွေကို နေရာပေးမှု အလွန် နည်းပါးပါတယ်။ လုပ်သက်အားဖြင့် ၅ နှစ် ၆ နှစ်ရှိလာပြီဖြစ်တဲ့ သတင်းထောက်ဟာလည်း သတင်းထောက်အဆင့်မှာပါပဲ။

လုပ်ခလစာအနေနဲ့ကတော့ တိုးလိုက် လျော့လိုက်နဲ့ နယ်ဘက်က သတင်းထောက်တွေရဲ့ သံသရာ ကလည်း တကယ် လည်ပတ်ပါတယ်။ ဒီတိုက်က ထွက်သွားရင် ဟိုတိုက်ကို ကူးလိုက်။ အဲဒီ တိုက်က အဆင်မပြေရင် အရင်က ထွက်ခဲ့တဲ့တိုက်ကို ပြန်လာလလိုက်နဲ့ လည်နေကြတာ ဖြစ်တယ်။

၂၀၂၅ ခုနှစ် အမေရိကန်ပေါ်လစီနဲ့အတူ ရက္ခိုင်ဘက် သတင်းထောက်တွေဟာ လုပ်ခလ စာ လျှော့ခံရတာတွေ၊ ဝန်ထမ်း လျှော့ခံရတာတွေထဲမှာ တချို့ ပါသွားကြသေးတယ်။ ပြည်တွင်းစစ်ကြောင့် အခက်အခဲပေါင်းစုံနဲ့ ကုန်ဈေးနှုန်းတွေ မိုးထိအောင် ခိုက်နေတဲ့ အချိန်မှာ လုပ်ခလစာ လျှော့လိုက်တာ၊ ဝန်ထမ်း လျှော့ချတဲ့အထဲ ပါသွားတဲ့ လူငယ်တွေဟာ အလုပ်သစ်တခုအတွက် မရေရာနဲ့ လျှောက်လှမ်းနေကြတာတွေကိုလည်း မြင်နေရပါတယ်။

ဒီလိုမျိုး အကြပ်အတည်းတွေ၊ အခက်အခဲတွေကြားမှာ သတင်းရယူနေကြတဲ့ နယ်သတင်းထောက်တွေ ဟာ အဆင်မသင့်ရင်တော့ ရစရာမရှိအောင် အဆဲခံကြရသလို၊ ဆိုရှယ်ကွန်ရက်တွေကနေတဆင့် ခြိမ်း ခြောက်မှုတွေကိုပါ ခံကြရပါတယ်။ ဒီလို အဆဲ အဆိုခံရတဲ့ အထဲမှာ “ ဒေါ်လာစားတွေ” လို့ အဆဲခံရတာ တွေကိုလည်း မကြာခဏ တွေ့ရပါတယ်။ တကယ်တော့ သူတို့ခမျာ ဒေါ်လာမပြောနဲ့ ကျပ်ငွေကလေး သုံး လေးသိန်းရဖို့တောင် မနည်း ရှာဖွေနေကြရတာ။

အခုလို စစ်ပွဲ၊ စစ်ဒဏ်ကြားမှာ အပေါ်နဲ့ ဆက်ဆံရေး အဆင်မပြေလို့၊ လုပ်ခလစာ နည်းလို့ စွန့်ပြီးတော့ အလုပ်ထွက်သွားကြတဲ့ လူငယ် သတင်းထောက်တွေလည်း ရှိကြပါတယ်။ နောက်ပြီးတော့ ဒီအလုပ်မှာ မလုပ်ချင်တော့ဘူး ထွက်တော့မယ်လို့ ဆုံးဖြတ်ချက်ကို ချဖို့ တုံ့ဆိုင်းနေကြတဲ့ လူငယ်တွေလည်း ရှိပါတယ်။ ကျနော် ဒီစာကို ရေးနေတဲ့အချိန်မှာဘဲ အရင်တုန်းက ညီကိုလို ပေါင်းသင်းခဲ့ဖူးတဲ့ သတင်းထောက်တယောက် အလုပ်က ထွက်လိုက်ပြီလို့ ဆိုတယ်။ အလွတ်တန်း သတင်းတွေ ရေးလို့ ရမယ့် သတင်းတိုက်တွေ ရှိရင် ပြောပါလို့လည်း ဆိုရှာတယ်။ စိတ်ထဲ လုံးဝ မကောင်းတာ မှန်ပေမယ့် အခုလို အချိန်မျိုးမှာ အကြံညဏ် ပေးဖို့ကျတော့လည်း အလွန် ခက်ပါတယ်။

နောက်ပြီးတော့ မိမိတို့ရဲ့ တိုက်က သတင်းထောက် တဦးဦးဟာ သတင်းရယူရင်းနဲ့ ဖမ်းဆီးခံရတာ၊ ခြိမ်ခြောက်ခံရတာတွေနဲ့ ပတ်သက်ပြီးတော့လည်း ရက္ခိုင်ဘက် မီဒီယာအများစုမှာ ပေါ်လစီတွေရှိ မနေကြပါဘူး။ အခင်းတခုခု ဖြစ်ပြီဆိုရင် သက်ဆိုင်ရာ မီဒီယာအဖွဲ့အစည်းတွေကို အကြောင်းကြားတာ။ သတင်းဖော်ပြကြတာတွေလောက်ကိုသာ အများဆုံး လုပ်နိုင်ကြတယ်။ သတင်းရယူရင်း ဖမ်းဆီး ထောင်ချခံထားရတဲ့ သတင်းထောက် ကိုထက်အောင်ကို သူ့မီဒီယာက ထောက်ပံ့မှုလေးတွေ ပေးတယ်လို့ သိရတယ်။ ဒီလိုဆိုရင်တော့ တော်သေးတယ်လို့ ဆိုရမှာြဖစ်ပါတယ်။

တချို့ မီဒီယာတွေမှာတော့ ဝန်ထမ်းတွေ အလုပ်ထွက်သွားရင်တောင် လုပ်ခလစာ ရစရာတွေ ကျန်ခဲ့ကြ တာတွေ၊ အလုပ်စာချုပ် မပြည့်မှီ အလုပ်က အထုတ်ခံခဲ့ကြရတဲ့ လူငယ်တွေလည်းဟာ ရှိခဲ့ကြပါတယ်။ ဒီလိုမျိုး ခက်ခဲစွာနဲ့ နယ်ဘက် ကျေးဘက်က မီဒီယာကလေးတွေမှာ အလုပ်လုပ်နေကြရတဲ့ သတင်း ထောက်တွေဟာ တခါ တရံမှာ သူတို့ရဲ့ ခံစားရတဲ့ ပြဿနာကို ပိုမကြီးအောင် “ ထားလိုက်ပါတော့” ဆိုတဲ့ စကားလုံးတွေနဲ့ဘဲ ကျေနပ်ကြရတယ်။

အခုလို အချိန်မျိုးမှာ အင်တာနက် အခက်အခဲတွေ၊ ဖုန်းလိုင်း အခက်အခဲတွေကြားမှာ မြေပေါ်က သတင်းရယူရတဲ့ခါမှာ အခက်အခဲ အများကြီးကို ရင်ဆိုင်ကြရတယ်။ ဒါ့အပြင် သတင်းရယူမှုနဲ့ ပတ်သက်ပြီး အကန့်အသတ်တွေကလည်း ရှိနေတဲ့အခါ နယ်ဘက် သတင်းထောက်တွေဟာ နေ့စဉ် လိုအပ်တဲ့ သတင်းတွေအတွက် အပေါ်က ဖိအား၊ အောက်ခြေ သွားလာ မေးမြန်းဖို့ ခက်ခဲတဲ့ကြားမှာ ပိုပြီးတော့ ဖိအားတွေ ရင်ဆိုင်ကြရတယ်။ ဒီလိုမျိုး အခြေအနေတွေမှာ နယ်ဘက်၊ ကျေးဘက်တွေမှာ သတင်းရယူနေကြတဲ့ သတင်းထောက်တွေ ဖမ်းဆီးခံတယ်ဆိုတဲ့ သတင်းတွေကို ကြားရင် အလွန် စိတ် မကောင်း ဖြစ်ရပါတယ်။

အောက်ခြေအဆင့်မှာ အင်္ကျီအသစ်လေးဝတ်၊ ကင်မရာလေးကို လည်မှာဆွဲပြီး ခရီးသွားနေတဲ ဓာတ်ပုံ တွေကိုမြင်ရင် နယ်ဘက် သတင်းထောက်တွေ အဆင်ပြေနေကြတယ်လို့ မြင်ကြပါလိမ့်မယ်။ တကယ့် တော့ ရက္ခိုင်ပြည်လို စစ်မြေ၊ စစ်တလင်းမှာ အခက်အခဲပေါင်းစုံနဲ့ ရုန်းကန်နေရတဲ့ သတင်းထောက်တွေ အတွက် ပိုပြီးတော့ အဆင်မပြေပါဘူး။ ဝါသနာနဲ့ သတင်းမီဒီယာအပေါ်မှာ အလွန်တန်ဖိုးထားလို့သာ သည်းခံပြီး လုပ်ကိုင်နေကြရသူတွေပါ။

လူတချို့ ပြစ်တင် သမုတ်နေကြသလို ဒေါ်လာစားတွေ မဟုတ်သလို၊ သစ္စာဖောက်ကောင်တွေလည်း ဟုတ်ပါဘူး။ သူတို့ဟာ သူတို့ရဲ့ သတင်းအလုပ်ကိုပဲ ခက်ခဲစွာ လုပ်ကိုင်နေကြသူတွေ ဖြစ်ပါတယ်။ သူတို့မှာလည်း သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ အခက်အခဲတွေ၊ မိသားစု စားဝတ်နေရေး အခက်အခဲတွေ များစွာနဲ့ ချို့တဲ့စွာ ရပ်နေကြရသူတွေပါ။ သူတို့ဟာလည်း စစ်ဘေး၊ စစ်ဒဏ်တွေကြားမှာ ရတဲ့လစာ လေးတွေနဲ့ မိသားစု ရှင်သန်ရေး ဖြေရှင်းနေကြသူတွေပါ။

တကယ်တော့ ရက္ခိုင်စစ်မြေပြင်က သတင်းထောက်တွေရဲ့ အခြေအနေဟာ ကျန်းမာအောင်နေ၊ လူမုန်း မခံနဲ့၊ အသက်ထက် အရေးကြီးတာ ဘာမှ မရှိဘူး ဆိုတဲ့ အခြေအနေကို ရင်ဆိုင်နေကြရတာ ဖြစ်တယ်။ တခါတရံ စဉ်းစားမိတာကတော့ သတင်းသမားတွေကပဲ ကျင့်ဝတ်သိက္ခာကို ချိုးဖောက်နေကြလို့လား။ ဒါမှမဟုတ် “ သတင်းသမားတစ်ယောက် သတင်းရယူ ရေးသားတာကိုပဲ” ပြစ်မှု တခုလို့ ရှု့မြင်နေ ကြတာလား ဆိုတာကတော့ မရေရာ ဝိုးတဝါးပါဘဲ။

မောရဇော်

Related posts

မြွေပွေးကိုမှ ခါးပိုက်ပိုက်ခဲ့မိတဲ့ ငါ့အဖြစ်

Rakhita Times

အဉ္စနနဒီ

Rakhita Times

အာရက္ခအားမာန် ရဲဘော်ကျော်ဟန် (အပိုင်း – ၁၇)

Rakhita Times

6 comments

Philipgrous ဇန်နဝါရီ 23, 2026 at 6:42 မနက်

Нужен проектор? интернет-магазин проекторов большой выбор моделей для дома, офиса и бизнеса. Проекторы для кино, презентаций и обучения, официальная гарантия, консультации специалистов, гарантия качества и удобные условия покупки.

Reply
Michealovazy ဇန်နဝါရီ 25, 2026 at 8:21 မနက် Reply
Jeromeden ဇန်နဝါရီ 25, 2026 at 9:54 ညနေ

сколько стоит квартира жк светский лес

Reply
Jameswef ဇန်နဝါရီ 29, 2026 at 6:40 မနက်

Играешь в казино? ап х Слоты, рулетка, покер и live-дилеры, простой интерфейс, стабильная работа сайта и возможность играть онлайн без сложных настроек.

Reply
NelsonBeecy ဖေ‌ဖော်ဝါရီ 2, 2026 at 12:13 ညနေ

Сегодня проверил кракен зеркало и всё загрузилось за пару секунд

Reply
WilliamTRURB ဖေ‌ဖော်ဝါရီ 4, 2026 at 1:11 ညနေ

современный дизайн частного дома дизайн проект коттеджа

Reply

Leave a Comment