အာရက္ခတိုင်းမ်စ် (၁၉ ဧပြီ ၂၀၂၆)
အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ကော်မရှင်က ဒီကနေ့ ဧပြီလ ၁၉ ရက် နေ့လည် ၁ နာရီဝန်းကျင်ခန့်မှာ ဂျက်ဖိုက်တာ ၅ စီးနဲ့ ဗုံး ၁၀ လုံး ကြဲချခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
အဓိက AA တပ်စခန်းရှိတဲ့ နေရာတွေကို ကြဲချတာဖြစ်ပြီး ရေဖြူကန်ကျေးရွာနဲ့ ဂူဝဘုရားဘက်တွေကိုလည်း ကျရောက်ခဲ့တယ်လို့ ပုဏ္ဏားကျွန်းဒေသခံတယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“နေ့လည် ၁ နာရီလောက်က ပုဏ္ဏားကျွန်းကို ဂျက်ဖိုက်တာ ၅ စီးလောက် ရှိမယ် ဗုံးလာကြဲတာ။ ၁၀ လုံးလောက် ရှိမယ် ရေဖြူကန်ရွာရယ်၊ ဂူဝဘုရားအနီးရယ် ပြီးတော့ တောင်နဲ့ ရွာကြားက AA စခန်းချထားတဲ့ နေရာတွေလည်း ပါတယ် ပြောတယ်၊ ၃ နေရာလောက် အထိအခိုက် စာရင်းတော့ မသိရသေးဘူး” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးကတော့ ဗုံးကြဲမှုကြောင့် နေအိမ် ၁၀ လုံး ပျက်စီးသွားပြီး လျှပ်စစ်ဓာတ်အားခွဲရုံ၊ န.တ.လ ကျောင်းနဲ့ အမြန်လမ်းမကြီး လမ်းပိုင်းတချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
တဆက်တည်းမှာပဲ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကိုလည်း မနက် ၁၀ နာရီ ဝန်းကျင်မှာ တကြိမ်၊ မွန်းလွဲ ၁၂ နာရီခွဲမှာ တကြိမ် စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲခဲ့ပါသေးတယ်။
အဲဒီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်ဆည်ပြင်ကျေးရွာ ဘုန်းကြီးကျောင်း မီးလောင်ပျက်စီးသွားခဲ့ပြီး အသက် (၂၃) နှစ်အရွယ် ကိုဌေးဝင်း ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။

6 comments
аренда авто пхукет таиланд аренда авто пхукет на месяц
сделать карточку для товара ии ai для создания карточек товара
Лучшее прямо здесь: https://archeagewiki.ru
ai создание карточек инфографика карточки товара
Все самое свежее здесь: https://1citywomen.ru/zdorove/pomozhet-li-aktivirovannyj-ugol-poxudet-poprobuem-vyyasnit/
купить справку медицинские услуги справка