NewsPolitic

AA ရဲ့ လက်နက်ကြီးကြောင့် စစ်သင်္ဘော ၃ စီးမှာ ၁ စီး မီးလောင်နစ်မြုပ် ၁ စီး မီးခိုးအူပြီး ထွက်ပြေး

အာရက္ခတိုင်းမ်စ် (၄ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည် စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာ ရွေးတုအစိုးရရဲ့ စစ်သင်္ဘော ၃ စီးကို အာရက္ခတပ်တော်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ၁ စီး မီးလောင်နစ်မြုပ်သွားပြီး ၁ စီးက မီးခိုးအူပြီး ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

“ မနေ့ည ၁ နာရီလောက်က ဖြစ်တာ။ ၃ စီးမှာလေ ၁ စီးက မြုပ်သွားတယ်။ ၁ စီးက မီးခိုအူပြီး ထွက်ပြေးသွာတယ်။ နောက် ၁ စီးကတော့ ဘာလည်း မဖြစ်သွားဘူး” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိမှာတော့ အာရက္ခတပ်တော်နဲ့ ရွေးတုအစိုးရတပ်တို့ဟာ စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကံ့ကော်ကျွန်း၊ ဝါဘို၊ တော်ကန် စတဲ့နေရာတွေမှာလည်း မြေပြင်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ကံ့ကော်ကျွန်းစခန်းဟာဆိုရင် ဒကစ ဌာနချုပ်နဲ့ ၂ မိုင်ခန့်သာ ကွာဝေးပြီး တောကန်ကတော့ ကျားမသောက်တပ်ရင်းနဲ့ မိုင်ဝက်လောက်သာ ကွားဝေးတော့တယ်လို့ သိရပါတယ်။

ရွေးတုအစိုးရကလည်း စစ်တွေမြို့ လက်မလွှတ်ရရေးအတွက် စစ်မှုထမ်းဆင်းစစ်သား အင်အားအများအပြားနဲ့ ရာထူးတဆင့်တိုးပေးထားတဲ့ သန္ဓေစစ်သားတွေကို စစ်သင်္ဘာနဲ့ လာရောက် အင်အားဖြည့်တင်းနေတယ်လို့ သိရပါတယ်။

ရက္ခိုင်ပြည် စစ်တွေမြို့ထဲကို အာရက္ခတပ်တော် ဝင်ရောက်မှာကို စိုးရိမ်တာကြောင့် စစ်တွေမြို့တွင်း အဝင်အထွက်တွေကို တင်းကြပ်ခိုင်းထားပြီး အဓိကအားဖြင့် မွတ်ဆလင်တွေကို မြို့တွင်းကို ဝင်ရောက်ခွင့် မပြုထားဘူးလို့လည်း သိရပါတယ်။

ဒါ့အပြင် ရက္ခိုင်ပြည် စစ်တွေမြို့မှာ ည ၉ နာရီမှ မနက် ၅ နာရီအထိ ညမထွက်ရ အမိန့်အပြင် အဲဒီ သတ်မှတ်ကာလမှာ အပြင်ထွက်ပါက ပစ်မိန့်ပါ ထုတ်ထားတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ – ပေးပို့

Related posts

တမန်းသားရွာက ပျောက်နေတဲ့ ရွာသား၅ ဦး အသတ်ခံလိုက်ရပြီလို့ သတင်းထွက်ပေါ်

Rakhita Times

AA က KIA နဲ့အတူ ကချင်နဲ့ စစ်ကိုင်းမှာ ကူတိုက်ပေးနေ

Rakhita Times

ဧရာဝတီတိုက်ပွဲတွင် စကမရဲ့ ဒုဗိုလ်မှူးကြီးအဆင့်နဲ့ ဗိုလ်ကြီးအဆင့်ရှိသူများ သေဆုံး၊ ထိခိုက်မှုများနေ

Rakhita Times

Leave a Comment