NewsPolitic

ကျောက်တော်ကို ရွေးတုအစိုးရ ဗုံးကြဲနေ(Breaking News)

အာရက္ခတိုင်းမ်စ် (၂၀ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်ကို ဒီကနေ့ နေ့လည်း၂ နာရီကျော်က ဗုံး ၆ လုံးထက်မနည်း ကြဲချသွားတယ်လို့ သိရပါတယ်။

“၆ လုံးထက်မနည်းကို ကြဲချသွားတယ်။ အခုလည်း ဂျက်ဖိုက်တာတွေ ကောင်းကင်ပေါ်မှာ ဝဲနေတုန်းပဲ။ ဘယ်ကို ကျသွားတယ်တော့ မသိရသေးဘူး။ အပြင်ကိုလည်း မထွက်ရဲသေးတော့လေ” လို့ ကျောက်တော်မြို့နယ်ဒေသခံတစ်ဦးကအာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရွေးတုအစိုးရဟာ ဇူလိုင်လ ၁၉ ရက်ကလည်း ရက္ခိုင်ပြည်က မြို့ ၃ မြို့ကို ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ၂၆ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

အသေးစိတ် အချက်အလက်ကို ဆက်လက်တင်ဆက်ပေးပါမယ်။

Related posts

မြောက်ဦးက စစ်ဘေးရှောင် ၃၀၀ ကျော်ကို ULA စားနပ်ရိက္ခာ ထောက်ပံ့

Rakhita Times

အာရက္ခအားမာန် ရဲဘော်ကျော်ဟန် (၁၈)

Rakhita Times

တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အသေဖမ်းမိ

Rakhita Times

1 comment

Leave a Comment