ကျောက်ဖြူ စစ်ရှောင် ၇ ထောင်ကျော် အတွက် ရိက္ခာများ လိုအပ်နေ
အာရက္ခတိုင်းမ်စ် (၅ ဒီဇင်ဘာ ၂၀၂၅) ရက္ခိုင်ပြည်အတွင်း ဖြစ်ပွားလျက်ရှိနေတဲ့ တိုက်ပွဲတွေကို တိမ်းရှောင်ရင်း ကျောက်ဖြူမြို့မှာ ခိုလှုံနေရတဲ့ စစ်ဘေးရှောင် ၇ ထောင်ကျော်အတွက် ဆန်ရိက္ခာတွေ လိုအပ်နေတယ်လို့ ရမ္မာမြေစစ်ဘေးကူညီရေး(ရမ္မာ မြီပရဟိတ) အဖွဲ့က ဆိုပါတယ်။ အဆိုပါ အဖွဲ့ဟာ စစ်ဘေးရှောင်တွေကို ကူညီခဲ့တာ ၂ နှစ်...
