ရက္ခိုင်ပြည်သူတွေ လေကြောင်းအန္တရာယ် ကြိုတင်ကာကွယ်ရန်နဲ့ လိုက်နာရန် AA တိုက်တွန်း
အာရက္ခတိုင်းမ်စ် (၁၄ မတ် ၂၀၂၆) ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေက ရက္ခိုင်ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ် အထူးသတိပြနေထိုင်ကြဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တိုက်တွန်းနှိုးဆော်ထားတယ်လို့ သိရပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက စစ်ကော်မရှင်ရဲ့ လေကြောင်းအန္တရာယ်ကို ကာကွယ်နိုင်ရးအတွက် ရက္ခိုင်ပြည်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားရန် အချက် (၈) ချက်ကို လိုက်နာကြရန် သတိပေး တိုက်တွန်း နှိုးဆော်ထားပါတယ်။...
