ရက္ခိုင်ပြည်အတွင်း မိုးများနိုင်လို့ အနိမ့်ပိုင်းနေရာ နေထိုင်သူတွေ သတိပြုရန်လို
အာရက္ခတိုင်းမ်စ် (၈ ဇွန် လ ၂၀၂၆) ရက္ခိုင်ပြည်အတွင်း လာမယ့် ရက်သတ္တပတ်အတွင်းမှာ မိုးရွာသွန်းမှု များလာနိုင်တာကြောင့် အနိမ့်ပိုင်းနေရာ နေထိုင်သူတွေအနေနဲ့ သတိပြုရန် လိုတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။ “ရက္ခိုင်ပြည်ဆိုတော့ ကျနော်တို့ တနင်္သာရီတိုင်းရယ်၊ မွန်ပြည်နယ်ရယ်၊ ရက္ခိုင်ပြည်ရယ် ဒီဟာကတော့ မိုးများမယ်။...
