မျိုးသုဉ်းလုနီးပါး လိပ်မျိုးစိတ် လိပ်စောင်းလျားကို မြေပုံတွင် တွေ့ရှိ
အာရက္ခတိုင်းမ်စ် (၁၇ ဇူလိုင် ၂၀၂၅) ကမ္ဘာပေါ်တွင် မျိုးသုဉ်းပျောက်ကွယ်လုနီးပါး အဖြစ်ဆုံး မျိုးစိတ်တခုဖြစ်တဲ့ လိပ်စောင်းလျားကို ရက္ခိုင်ပြည် မြေပုံမြို့နယ် ရှင်တောင်ကျေးရွာ ကမ်းခြေတွင် တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ “မနေ့က (ဇူလိုင် ၁၆) က ငါဖမ်းရင်း ငါးဖမ်းပိုက်ထဲမှာ မိလာတာ၊ ပြန်လည်လွှတ်ပေးလိုက်ပြီ” လို့ မြေပုံမြို့နယ်...
