အဥ္ဇနပူရမြို့က ကမ်းပါးပြိုလို့ နေအိမ်ပျက်စီးသွာတဲ့ အိမ် ၃၈ အိမ် အတွက် ULA/AA ငွေကျပ် ၈ သိန်းစီ ထောက်ပံ့
အာရက္ခတိုင်းမ်စ် (၃၀ ဇူလိုင် ၂၀၂၆) ရက္ခိုင်ပြည် အဥ္ဇနပူရမြို့က မြစ်ရေတိုက်စားခဲ့လို့ ကမ်းပါးပြိုပြီး နေအိမ်ပျက်စီးသွားတဲ့ နေအိမ် ၃၈ အိမ်အတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်က အိမ် ၁ အိမ်ကို ငွေကျပ် ၈ သိန်းစီ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဇူလိုင်လ ၁၃...
