မင်းပြားမှာ ရွာ ၁၄ ရွာ ရေနစ်မြုပ်
အာရက္ခတိုင်းမ်စ် (၉ ဇူလိုင် ၂၀၂၅) ရက္ခိုင်ပြည် မင်းပြားမြို့နယ်ရှိ ကျေးရွာပေါင်း ၁၄ ရွာ ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ မိုးက ဇွန်လကတည်းက ရက်ဆက်ရွာတယ်။ အခုလည်း သည်းသည်းမည်းမည်းကိုရွာတော့ ရေတွေက ချောင်းထဲမဆင်းတော့ဘူး။ ချောင်းရေတွေကြီးပြီးတော့ အိမ်တွေပြ မြုပ်ကုန်ပြီ” လို့ မင်းပြားမြို့နယ်...
