NewsPolitic

ညောင်ကျိုးကို ထိုးစစ်ဆင်ရန် ရွေးတုအစိုးရ စစ်အင်အားဖြည့်တင်းနေ

အာရက္ခတိုင်းမ်စ် (၂၂ ဇူလိုင် ၂၀၂၆)

ပဲခူတိုင်း နဲ့ ရက္ခိုင်ပြည်က ရွေးတုအစိုးရ လက်လွှတ်ခဲ့ရတဲ့ နေရာတွေကို ပြန်လည် ထိုးစစ်ဆင်ရန် ရွေးတုအစိုးရတပ် စစ်အင်အားတွေ ဖြည့်တင်းနေတယ်လို့ သိရပါတယ်။

“၂၀ ရက်နေ့က စစ်ကား အစီး ၃၀ လောက် ပြည် နဝဒေးတံတားကနေ ဖြတ်သွားတယ်။ ညောင်ခြေထောက်ကနေ ဆက်ထွက်သွားတယ်။ အင်အား ဘယ်လောက်ပါသွားလဲတော့ အတိအကျ မသိရသေးဘူး” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ အစီးရေ ၃၀ လောက်ပါတဲ့ ရွေးတုအစိုးရရဲ့ စစ်ယာဉ်တန်းဟာ ၂၇ မိုင် လမ်းဆုံအနီးမှာရှိတဲ့ ပွိုင့် ၂၁၇ စခန်းကုန်းကို ဝင်‌ရောက်သွားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကလည်း ရွေးတုအစိုးရတပ်ဟာ ၂၇ မိုင် လမ်းဆုံကနေ အင်အား ၁၀၀ ‌ကျော်နဲ့ လေလာတောင်ကြောကိုဖြတ်ပြီး ‌ညောင်ကျိုးကို ထိုးစစ်ဆင်ရာ အာရက္ခတပ်တော်ရဲ့ ကြားဖြတ်တိုက်ခိုက်ခြင်း ခံခဲ့ရလို့ အသေအပျောက်များပြီး တပ်ပြန်ဆုတ်ခဲ့တယ်လို့ သိရပါတယ်။

ရွေးတုအစိုးရတပ်ဟာ မေလဆန်းက စတင်ကာ ကပစ ၆ ကနေ ညောင်ကျိုးကို လေလာတောင်ဖက်ကနေ ထိုးစစ်ဆင်နေတာလည်း ဖြစ်ပါတယ်။

ညောင်ကျိုးစခန်းကို ရွေးတုအစိုးရဟာ ၂၀၂၄ ခုနှစ်ကတည်း အာရက္ခတပ်တော်ထံ လက်လွှတ်ခဲ့ရပြီး ယခုအခါ ရွေးတုအစိုးရတပ် ဆုံးရှုံးခဲ့ရတဲ့ ညောင်ကျိုးစခန်း ပြန်လည်ရရှိရေးအတွက် တောက်လျောက် ထိုးစစ်ဆင် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

ညောင်ကျိုးကို ထိုးဆင်ဖို့ ရွေးတုအစိုးရတပ် အထိုင်ချထားတဲ့ ကပစ ၆ ဟာ ပဲခူးတိုင်း ဥသျှစ်ပင်မြို့ ညောင်ခြေထောက်ရွာတွင် တည်ရှိပြီး လေသာတောင်၊ ဆင်လန်တောင်၊ စန်းပတ်လက်တောင် စတဲ့ စခန်းတွေနဲ့ ကာထားတာလည်း ဖြစ်ပါတယ်။

အဆိုပါ ကပစ (၆) တွင် လက်နက်ငယ်ကျည်ဆန်အခွံနဲ့ ကြေးပြားများကို ထုတ်လုပ်ပေးတဲ့ သံမဏိစက်ရုံကို တရုတ်ပညာရှင်များက တည်ဆောက်ပေးထားတာလည်း ဖြစ်ပါတယ်။

အလားတူ ဥသျှစ်ပင်မြို့ တောင်ဖက်တွင်လည်း စစ်ကော်မရှင်ရဲ့ ကပစ ၅ နဲ့ ကပစ ၉ တို့ အခြေစိုက်ထားတာလည်း ဖြစ်ပါတယ်။

Related posts

အာရက္ခအားမာန် ရဲဘော်ကျော်ဟန် (၁၉-က)

Rakhita Times

စစ်တွေအနီး စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲ

Rakhita Times

မဟာမုနိစစ်ဆင်ရေး

Rakhita Times

Leave a Comment