NewsPolitic

ပုဏ္ဏားကျွန်းက ရွာနှစ်ရွာကို လေကြောင်းက ဗုံးကြဲလို့ အရပ်သား ၂ ဦးသေ၊ ၁ ဦးဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၂၅ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ယိုးတရုတ်ကျေးရွာနဲ့ အောင်ဖြူပြင်ကျေးရွာတို့ကို နိုဝင်ဘာလ ၂၃ ရက် ညနေပိုင်းမှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ ဦး သေပြီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော်က ပြောပါတယ်။

နိုဝင်ဘာလ ၂၃ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်မှာ ယိုးတရုတ်ကျေးရွာကို ဂျက်တိုက်လေယာဉ် ၁ စီးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် လယ်ကွင်းအတွင်း စပါးရိတ်သိမ်းပြီး တလင်းနယ်နေတဲ့ ဒေသခံတစ်ဦး အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။

တလင်းနယ်ရာမှာ အသုံးပြုနေတဲ့ နွား ၃ ကောင်လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ယင်းနေ့ ညနေ ၄ နာရီ ၂၉ မိနစ်ခန့်မှာလည်း အောင်ဖြူပြင်ကျေးရွာကို ဂျက်တိုက်လေယာဉ် ၁ စီးနဲ့ ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ အောင်ဖြူပြင်ကျေးရွာက အသက် ၆၄ နှစ်အရွယ် အမျိုးသားတစ်ဦး နေရာမှာပဲ သေဆုံးခဲ့ပြီး အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော်က ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းက နေအိမ် ၃ လုံးနဲ့ ဆိုင်ကယ် ၂ စီး ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။

Related posts

ဝီရဌာနီတွင် စစ်ကောင်စီက ဗုံးကြဲလို့ ဒေသခံ ၂ ဦး သေဆုံး၊ ၆ ဦး ဒဏ်ရာရ

Rakhita Times

မင်းတုန်းနဲ့ ပဒါန်းတွင် တိုက်ပွဲများ ပြင်းထန်၊ စကစ အလောင်းတချို့နဲ့ သုံ့ပန်း AA ရရှိ

Rakhita Times

အာရက္ခပြည် ပြုပြင်ပြောင်းလဲရေးအတွက် လိုအပ်နေသော ပညာရေးစနစ်

Rakhita Times

Leave a Comment