NewsPolitic

စစ်တွေမှာ အစိုးရဝန်ထမ်းတွေကို ပြန်ခေါ်ထား

အာရက္ခတိုင်းမ်စ် (၃၀ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည် စစ်တွေမြို့မှာ အစိုးရဝန်ထမ်းတွေကို ပြန်ခေါ်ထားသလို ရန်ကုန်ကနေလည်း ပြန်လာကြတဲ့ ဒေသခံလူထုတွေကြောင့် မြို့မှာ လူဦးရေ ပိုများလာတယ်လို့ စစ်တွေမြို့ အစိုးရဝန်ထမ်းတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“လက်ရှိ ကျမတို့တွေက အစိုးရဝန်ထမ်းတွေဆိုတော့လေ အခုရှိတဲ့ ဝန်ထမ်းတွေ အကုန်လုံးကလည်း ထွက်ပြေးကြတယ်လို့ပဲ ပြောရမှာပေါ့။ ခွင့်တွေ အမျိုးမျိုး တင်တယ်၊ ခွင့်တင်ပြီးတော့ ရန်ကုန်ဘက်မှာ သွားပြီးတော့ ခွင့်နဲ့ နေကြတယ်ပေါ့။ အခုနောက်ဆုံး ပြီးခဲ့တဲ့လက ကျောင်းဆရာမတွေပဲဖြစ်ဖြစ် ပညာရေးဝန်ထမ်းတွေ‌ရော၊ အကုန်လုံး ဝန်ထမ်းအစုံပေါ့။ အကုန်လုံး ဝန်ထမ်းနီးပါး စစ်တွေမှာ တာဝန်ကျနေတဲ့ ဝန်ထမ်းတွေဆိုရင် စစ်တွေကို အရောက်လာရမယ်။ အရောက်လာပြီးရင် ပြန်ပြီးတော့ အလုပ်ခွင် ပြန်ဝင်ရမယ်ပေါ့နော်။ ပြန်လည် စိစစ်တယ်၊ ကျန်းမာရေးကြောင့် ဆေးခွင့်ယူထားတဲ့ လူဆိုလည်း ပြန်စစ်ဆေးတယ်ပေါ့နော်။ အဲဒီတော့ အခုက လက်ရှိ စစ်တွေမြို့မှာက ဝန်ထမ်းတွေလည်း များလာပြီ။ ပြီးရင် ရန်ကုန်ကို ထွက်ပြေး တိမ်းရှောင်သွားတဲ့လူတွေလည်း တချို့ဆို ကျောင်းသားမိဘတွေနဲ့ ကျောင်းသားတွေနဲ့ တော်သင့်သလောက် ပြန်ရောက်နေကြတယ်ဆိုတော့ စစ်တွေမှာ နဂိုထက်ပိုပြီး လူဦးရေ များလာတယ်လို့ မြင်ရတယ်ပေါ့နော်” လို့ သူက ပြောပါတယ်။

စစ်တွေမြို့ဟာ ပြည်နယ်တွင်း အစိုးရအုပ်ချုပ်ရေးယန္တရား လည်ပတ်ဖို့၊ ဗဟိုအစိုးရနဲ့ ချိတ်ဆက် လုပ်ကိုင်ဖို့အတွက် ပြည်နယ်အစိုးရအဖွဲ့ ရုံးစိုက်ရာမြို့ ဖြစ်ပါတယ်။

စစ်တွေမြို့ဟာ လတ်တလော စစ်ရေးအခြေအနေအရ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) အခြေစိုက်ထားတဲ့မြို့လည်း ဖြစ်နေတာပါ။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) ဟာ နိုင်ငံအနောက်ပိုင်းမှာရှိတဲ့ ရက္ခိုင်ပြည်နဲ့ ချင်းပြည်နယ်တောင်ပိုင်းက ကာကွယ်ရေး၊ လုံခြုံရေးနဲ့ စစ်ဆင်ရေး ကိစ္စရပ်တွေကို အဓိက ကိုင်တွယ်တာ ဖြစ်ပါတယ်။

“ဝန်ထမ်းတွေကြတော့ ဘယ်ဝန်ထမ်းရယ် မဟုတ်ဘူး အကုန်လုံး ခေါ်တယ်။ သူနဲ့ သက်ဆိုင်ရာ သက်ဆိုင်ရာ ဝန်ထမ်းတိုင်းမှာ သက်ဆိုင်ရာ သက်ဆိုင်ရာ ဌာနက ကြီးကြပ်ပြီးတော့ ဘယ်သူက မရှိဘူး၊ ဘယ်သူက ဘယ်လိုဥစ္စာ ဖြစ်မလဲပေါ့။ နောက်ဆုံး တိုင်းရင်းဆေးနဲ့ ပတ်သက်တဲ့ တိုင်းရင်းဆေးတွေဆိုရင် တော်တော်များများ အလုပ်မဖြစ်ဘူးပေါ့နော်။ အလုပ်မဖြစ်ဘူးဆိုတာ ဆေးရုံကြီးနဲ့ အလုပ်မဖြစ်ဘူးပေါ့။ သိပ် ဆေးမကုကြဘူးပေါ့။ အဲဒီနေရာတွေလည်း မဖြစ်မနေ ပြန်လာရတယ်လို့ သိရတယ်” လို့ သူက ပြောပါတယ်။

စစ်တပ်လက်ထဲမှာ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့နယ်တွေ ကျန်နေပေမဲ့ စစ်တွေကျရင် ရက္ခိုင် ပြည် ကျပြီဖြစ်တယ်လို့ စစ်ရေး၊ နိုင်ငံရေးသုံးသပ်သူတွေက ဆိုပါတယ်။

စစ်တွေဟာ နိုင်ငံရေးနဲ့ စစ်ရေးအရ အရေးပါသလို တစ်ပြည်လုံးမှာ အဖွံ့ဖြိုးဆုံးမြို့ ဖြစ်နေတာ၊ ကုလားတန်စီမံကိန်းလို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ရှိနေတာပါ။

Related posts

ကျောက်ဖြူ၊စစ်တွေ နဲ့ မာန်အောင်တို့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကြံ့ဖွံ့ပါတီမှ နှစ်ဦး နဲ့ ရခိုင်တိုင်းရင်းသားများပါတီမှ တဦးနိုင်

Rakhita Times

စကမက ကျန်ဒေသတွေထက် ရှမ်းမြောက်ကိုပဲ အဓိကအာရုံစိုက်နေ

Rakhita Times

စစ်ရှောင်ကလေးမိခင်တွေနဲ့ ကလေးငယ်တွေ အာဟာရ လုံလောက်စွာမရရှိ

Rakhita Times

Leave a Comment