နေပြည်တော်၊ မန္တလေးနဲ့ ပဲခူးတို့မှာ ယနေ့ ငလျင်အသင့်အတင့် ၆ ကြိမ်လှုပ်ခတ်
အာရက္ခတိုင်းမ်စ် (၁၄ မေ ၂၀၂၅) ယနေ့ နံနက်ပိုင်းအချိန်ကနေ စပြီး ယခုအချိန်အထိ မန္တလေးတိုင်း၊ နေပြည်တော်နဲ့ ပဲခူးတိုင်းတွေမှာ ငလျင်အင်အား ၃ အဆင့်ကျော်နဲ့ ၆ ကြိမ်လှုပ်ခတ်ခဲ့တယ်လို့သိရပါတယ် ။ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့အနီးဗဟိုပြုပြီးတော့ ပုသိမ်ကြီးမြို့ရဲ့ အရှေ့မြောက်ဘက် ၂ မိုင်ခန့် မှာ နံနက်
