မွတ်ဆလင်ဒုက္ခသည်တွေ နေရပ်ပြန်ရေးမှာ အရေးပါတဲ့ တရုတ်ရဲ့ကဏ္ဍ
ဘင်္ဂလားဒေ့ရှ်ဟာ မွတ်ဆလင်ဒုက္ခသည်တွေကို နေရပ်ပြန်ပို့နိုင်ရေးအတွက် တောင်းဆိုမှုတွေ ထပ်တလဲလဲ လုပ်ဆောင်နေပါတယ်။ ဒီတောင်းဆိုမှုဟာ သံတမန်ရေးရာမှာ အသစ်အဆန်း ကိစ္စတော့ မဟုတ်ပါဘူး။ ဘင်္ဂလားဒေ့ရှ်ရဲ့ မူဝါဒမှာ ဒီပြဿနာဟာ နှစ်ပေါင်းများစွာကတည်းက အရေးပါတဲ့ ပန်းတိုင်တစ်ခု ဖြစ်နေခဲ့တာပါ။ ၁၉၇၈ နဲ့ ၁၉၉၁-၉၂ ကာလတွေမှာ မြန်မာနိုင်ငံဘက်ကနေ အစုလိုက်အပြုံလိုက် ထွက်ပြေးရမှု
