NewsPolitic

စစ်ကောင်စီ နှင့် ARSA ၊ RSO၊ ARA တို့ ပူးပေါင်းကာ AA ကို တိုက်ခိုက်နေဟုဆို

Featured Video Play Icon

အာရက္ခတိုင်းမ်စ် (၂၃ – အောက်တိုဘာ -၂၀၂၄)

စစ်ကောင်စီ နဲ့ ARSA ၊ RSO၊ ARA တို့လို အစွန်းရောက်တပ်ဖွဲ့တွေ ပူးပေါင်းပြီး အာရက္ခတပ်တော်ကို တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က အောက်တိုဘာလ ၂၂ ရက် က သတင်းထုတ်ပြန်ခဲ့ပါတယ်။

မောင်တောမြို့မှာ စစ်ကောင်စီရဲ့ နခခ(၅) စခန်းတစ်ခုဘဲ ကျန်နေပြီဆိုပေမယ့် မိမိတို့ လက်လှမ်းမမီသေးတဲ့ တောထူထပ်တဲ့ တောင်တန်းဒေသတွေမှာ ARSA, RSO, ARA တပ်ဖွဲ့တွေဟာ အခိုင်အမာ စခန်းချပြီး ခိုအောင်းနေကြပြီး ပြည်သူတွေကို ဖမ်းဆီးခြိမ်းခြောက်၊ ပြန်ပေးဆွဲ၊ ငွေညှစ်နေကြတာတွေလည်း ဆက်တိုက် လုပ်ဆောင်နေကြတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အခုလို ဖြစ်စဥ်တွေကြောင့် ဒီအစွန်းရောက်တပ်ဖွဲ့တွေရဲ့ အန္တရာယ်က ဘင်္ဂလားဒေ့ရှ်-အာရက္ခ နယ်စပ်မှာနေထိုင်တဲ့ ပြည်သူတွေအတွက်လည်း စိုးရိမ်စရာ ဖြစ်လာနေပြီး ဒီအခြေအနေတွေဟာ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ပြည်သူ့လုံခြုံရေးအတွက် စိန်ခေါ်မှုတွေဖြစ်လာနေတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် အာရက္ခတပ်တော်က မောင်တောနဲ့ ဘူးသီးတောင်မြို့ပတ်ဝန်းကျင်မှာ ARSA, RSO, ARA တပ်ဖွဲ့ဝင်တွေ ခိုအောင်းနိုင်တဲ့နေရာတွေကို ရှင်းလင်းနေပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၉ ရက် နေ့လယ် ၁၂ နာရီ ၁၀ မိနစ်မှာ ဘူးသီးတောင်မြို့နယ် ခရုချောင်းကျေးရွာအနောက်မြောက်ဘက် တောင်တန်းတစ်နေရာမှာ တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့တဲ့အပြင် အဲဒီနောက်ပိုင်းမှာလည်း တိုက်ပွဲ ၅ ကြိမ် ထပ်ဖြစ်ပွားပြီး ARSA တပ်ဖွဲ့ဝင်တွေရဲ့ စခန်း ၄ ခု၊ အလောင်းအချို့နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အလားတူ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်၊ နေ့လယ် ၁၂ နာရီ ၁၀ မိနစ်လောက်မှာလည်း မောင်တောမြို့နယ် ဂြင်းတောစခန်းအရှေ့ဘက် ၃.၇ ကီလိုမီတာအကွာမှာ ARSA တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အာရက္ခတပ်တော်အနေနဲ့ ထွက်ပြေးနေတဲ့ ARSA တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ မူဆလင်တပ်ဖွဲ့တွေကို လိုက်လံရှင်းလင်းမှုတွေ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

Related posts

ရက္ခိုင်က ရေဘေးသင့် ပြည်သူတွေကို အရေးပေါ်အကူအညီ တိုးမြှင့်ပေးရန် HDCO တိုက်တွန်း

Rakhita Times

တောင်ကုတ်မြို့ပေါ်နဲ့ လုံးတော်ပေါက်ကို စစ်ကောင် ဗုံးကြဲတာ မှန်ကန်

Rakhita Times

ရွာလုံးကျွတ် သွေးလွန်တုတ်ကွေး နဲ့ ငှက်ဖျားရောဂါဖြစ်နေတဲ့ ဝေသာလီရွာကို AA သွားရောက် ဆေးကုသပေး

Rakhita Times

8 comments

Stevenden ဇူလိုင် 17, 2026 at 9:35 မနက်

Only top materials: lisinopril and pepto bismol

Reply
TimothyKes ဇူလိုင် 18, 2026 at 1:57 မနက် Reply
kartochka tovara 320 ဇူလိုင် 18, 2026 at 1:03 ညနေ

ai карточка товара ai карточка товара

Reply
Romanfer ဇူလိုင် 18, 2026 at 11:29 ညနေ

Новое в категории: https://aromline.ru/index.php?productid=8072

Reply
RobertHak ဇူလိုင် 28, 2026 at 3:20 ညနေ Reply
MichealFlafe ဇူလိုင် 31, 2026 at 8:27 မနက်

размеры и толщина профильной трубы профильная труба размер стенка вес

Reply
PatrickCam ဇူလိုင် 31, 2026 at 7:53 ညနေ

Снятие запоя – это не только прекращение приема спиртных напитков, но и целый комплекс мероприятий, включающий очищение и восстановление организма, а также нормализацию общего состояния больного. В современных условиях наркологическая клиника может предложить вывод из запоя на дому, лечение запоя в стационаре, капельницу, детоксикацию, медикаментозный курс, психологическую поддержку, кодирование, реабилитацию и дальнейшее сопровождение семьи. Такой подход позволяет не просто вывести человека из тяжелого состояния, а определить причины зависимости, подобрать индивидуально эффективное лечение алкоголизма и снизить вероятность повторного срыва.
Подробнее тут – [url=https://vyvod-iz-zapoya-v-anape4.ru/]вывод из запоя капельница анапа[/url]

Reply
Edwingop ဩဂုတ် 1, 2026 at 10:43 ညနေ

Соблюдаем конфиденциальность, бережно общаемся с пациентом и его близкими на каждом этапе.
Углубиться в тему – [url=https://vyvod-iz-zapoya-v-gelendzhike2.ru/]вывод из запоя вызов на дом в геленджике[/url]

Reply

Leave a Comment