အာရက္ခတိုင်းမ်စ် (၁၅ ဇွန် ၂၀၂၆)
ရက္ခိုင်ပြည် ရသေ့တောင်မြို့ကနေ ကျောက်တော်မြို့ကို စျေးသွားဝယ်တဲ့ ခရီးသည်တင် ဘုတ်တစ်စီးဟာ ဒီကနေ့ (ဇွန် ၁၅) မနက်မှာ နစ်မြုပ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဘုတ်ပေါ်မှာ လူဦးရေ ၁၀ ဦးထက်မနည်း ပါလာပြီးတော့ ရသေ့တောင်နဲ့ ကျောက်တော်ကြားမှာ နစ်မြုပ်ခဲ့ရတာ ဖြစ်တယ်လို့ ရသေ့တောင်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ ကြားမှာ လေတိုက် လှိုင်းထန်ပြီးတော့ နစ်သွားခဲ့တယ်။ လတ်တလော အလောင်းကတော့ ၉ လောင်း ရထားပြီးပြီ။ နောက် ပျောက်နေသေးသူတွေလည်း ရှိနေသေးတယ်” လို့ သူက ပြောပါတယ်။
လက်ရှိ ရှာဖွေတွေ့ရှိထားသူတွေရဲ့ စာရင်းတွေကတော့ ဦးခင်မောင်၊ ပြူးတောင်၊ အမှုံချေ၊ ဘုဘုချေ၊ ရီးရီဆန်းတို့ အလောင်းတွေကို ရှာဖွယ် တွေ့ရှိထားပြီး မောင်အေးလှိုင်၊ သိန်းကျော့ဝယ်၊ ကျားဘို အပါအဝင် နောက်ထပ် ပျောက်ဆုံးနေသူ အများအပြား ရှိနေတယ်လို့ သိရပါတယ်။
အာရက္ခတိုင်းမ်စ်အနေနဲ့ အသေစိတ် သတင်းအချက်အလက်များကို ဆက်လက် တင်ဆက်ပေးပါမယ်။
