NewsPolitic

AA သတင်းပေးဆိုကာ လေးမျက်နှာက တောင်သူ ၅ ဦးကို ရွေးတုအစိုးရ ဖမ်းဆီး

အာရက္ခတိုင်းမ်စ် (၂၂ ဇွန် ၂၀၂၆)

အာရက္ခတပ်တော်ကို သတင်းပေးတယ်ဆိုပြီး ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ် တောင်သူ ၅ ဦးကို ဇွန် ၁၉ ညနေ ၅ နာရီလောက်မှာ ရွေးတုအစိုးရက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

“ ၁၉ ရက် ညနေကတည်းက ဖမ်းသွားတာ၊ မနေ့က ၂၁ ရက်နေအထိတော့ အဆက်အသွယ် မရသေးဘူး။ ဘယ်ကို ဖမ်းခေါ်သွားလဲတောင် မသိရသေးဘူး။ မိသားစုဝင်တွေလည်း စိတ်တော်တော်ပူနေကြတယ်” လို့ လေးမျက်နှာမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရွေးတုအစိုးရက အာရက္ခတပ်တော် သတင်းပေးဆိုကာ ဖမ်းဆီးခံလိုက်သူမှာ လေးမျက်နှာမြို့နယ် ကွင်းကြီးကျေးရွာအုပ်စု အောင်ဇံကွင်းနဲ့ ဇီးပင်ကြီးရွာက ဒေသခံတောင်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

“ ဖမ်းခံရတာက ယောင်္ကျားလေး ၄ ယောက်နဲ့ မိန်းကလေး ၁ ယောက်ပါ။ မင်းတို့က AA သတင်းပေးတွေမလားဆိုပြီး ဖမ်းခေါ်သွားတာ” လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။

လက်ရှိမှာတော့ လေးမျက်နှာမြို့နယ်က စက်စက်ယိုကျေးရွာအပါအဝင် စခန်းတချို့ကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက သိမ်းယူထားပြီး ရွေးတုအစိုးရတပ်က တန်ပြန် စစ်ကြောင်းတွေထိုးလာလို့ တိုက်ပွဲတွေ ပြန်လည် ပြင်းထန်နေတာလည်း ဖြစ်ပါတယ်။

လေးမျက်နှာတိုက်ပွဲတွင် စစ်ကော်မရှင်ရဲ့ တပ်မ ၆၆ လက်အောက်ခံတပ်ရင်း ခမရ ၄၊ ၅၊ ၆၊ ၁၀၊ ခလရ ၃၅၊ ၈၀၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်း ခလရ ၆၃ နဲ့ ၂၇၁ တို့ ပါဝင် တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်က သတင်းထုတ်ပြန်ထားပါတယ်။

Related posts

သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရန် အာရက္ခပြည်သူ့ကျန်းမာရေးဌာန တိုက်တွန်း

Rakhita Times

RNP ပါတီတွင် ANP အမတ်ဟောင်းတချို့ ဝင်ရောက်ယှဉ်ပြိုင်မည်

Rakhita Times

သံတွဲမှာ ဆေးလုံလောက်မှု မရှိလို့ စစ်ရှောင်အချို့ ခက်ခဲနေ

Rakhita Times

Leave a Comment