NewsPolitic

AA ရဲ့ လက်နက်ကြီးကြောင့် ကပစ ၁၆ အတွင်း ပေါက်ကွဲမှုဟာ WNA Work Shop ဖြစ်

အာရက္ခတိုင်းမ်စ် (၈ ဇူလိုင် ၂၀၂၆)

အာရက္ခတပ်တော်ရဲ့ လက်နက်ကြီးကျည်ကြောင့် ဇွန်လ ၃၀ ရက်က ပဲခူတိုင်း ပန်းတောင်းမြို့နယ် မသုန်အခြေစိုက် အမှတ် ၁၆ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ (ကပစ ၁၆) အတွင်း ပေါက်ကွဲမှုဖြစ်ပြီး ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

“ ဇွန်လ ၃၀ ရက်နေ့မှာ ပေါက်ကွဲခဲ့တဲ့ စက်ရုံကတော့ နိုက်ထရစ်အက်ဆစ်ကို အခြေခံပြီး ထုတ်လုပ်တဲ့ WNA Work Shop တစ်ခု ဖြစ်တယ်လို့ သိရှိရပါတယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ကလည်း ကပစ (၁၆) စက်ရုံကို AA နဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့က ရှော့တိုက်ဒုံး၊ လက်နက်ကြီးတွေနဲ့ ထိမှန်အောင် ပစ်ခတ်ခဲ့လို့ စက်ရုံအတွင်းမှာ ပေါ်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

ပဲခူးတိုင်း ပန်းတောင်းမြို့နယ်အတွင်းမှာ ကာကွယ်ရေးပစ္စည်းစက်ရုံ ၄ ရုံ တည်ရှိနေပြီး အဲဒီ စက်ရုံတွေကနေ ရွေးတုအစိုးရတပ်အတွက် လိုအပ်တဲ့ လေယာဉ်ဗုံး၊ မော်တာကျည်၊ လက်နက်ငယ်ကျည်နဲ့ ယမ်းအမျိုးမျိုးကို အဓိက ထုတ်လုပ် ဖြန့်ဖြူးပေးနေတာကြောင့် အဓိက ဗဟိုချက် နယ်မြေတစ်ခုလည်း ဖြစ်ပါတယ်။

အဆိုပါ စက်ရုံ ၄ ခုမှ ကပစ (၁၆) စက်ရုံဟာ ယမ်းအကူချက်စက်ရုံ တစ်ခုဖြစ်ပြီး TNT RDX WNA စတဲ့ ယမ်းအမျိုးအစားတွေကို အဓိက ထုတ်လုပ်ရသလို အခြားစစ်လက်နက် ပစ္စည်းတွေ ထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ အရေးကြီးတဲ့ ကုန်ကြမ်း အမြောက်အမြားကိုပါ သိုလှောင်ထားတဲ့နေရာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Related posts

အမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြေအောက်ခန်းဝင်ပြီး ခုခံနေ

Rakhita Times

တောင်ကုတ်က ပြည်မထွက်လာသူ ၃၀ ကျော် ပြည်တွင် အဖမ်းခံရ

Rakhita Times

ဘင်္ဂလီ (သို့) ရိုဟင်ဂျာ တွေကို ဦးမောင်မောင်ကြည် ဘာပြောလဲ

Rakhita Times

Leave a Comment