HealthNewsPolitic

ရက္ခိုင်မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ယင်လုံအိမ်သာတွေ စနစ်တကျဆောက်လုပ်အသုံးပြုဖို့ ULA တိုက်တွန်း

အာရက္ခတိုင်းမ်စ် (၂၆ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်အတွင်း ကူးစက်ရောဂါတွေ ကာကွယ်နိုင်ရေးနဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးလုံခြုံမှု မြှင့်တင်နိုင်ရေးအတွက် နေအိမ်တိုင်းမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အိမ်သာတွေ စနစ်တကျ ဆောက်လုပ်အသုံးပြုကြဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တိုက်တွန်းလိုက်ပါတယ်။

ဒေသခံပြည်သူတွေ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အိမ်သာတွေ ဆောက်လုပ် အသုံးပြုလာစေဖို့ အသိပညာပေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေသွားဖို့လည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ပါတီဗဟိုရုံးက စီစဉ်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဒေသအသီးသီးက ကျေးရွာတွေမှာ အိမ်သာ စနစ်တကျ ဆောက်လုပ်အသုံးပြုမှု အားနည်းနေသေးတာကြောင့် တောတောင်နဲ့ ခြုံပုတ်တွေအတွင်း မစင်စွန့်ပစ်မှုတွေ ရှိနေပြီး ဒီကနေတစ်ဆင့် ရေနဲ့အစားအစာတွေ ညစ်ညမ်းကာ ရောဂါပိုးမွှားတွေ ကူးစက် ပြန့်ပွားနိုင်တယ်လို့ အသိပေးထားပါတယ်။

ကူးစက်ရောဂါအမျိုးမျိုး ဖြစ်ပွားနိုင်တဲ့ လက်ရှိကာလမှာ အိမ်သာစနစ်တကျ အသုံးပြုတာဟာ ပြည်သူ့ကျန်းမာရေးကို ကာကွယ်နိုင်တဲ့ အခြေခံအကျဆုံး နည်းလမ်းတစ်ခု ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အစိုးရက သန့်ရှင်းတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးနိုင်ရင် အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးကို မြှင့်တင်ပေးနိုင်သလို ဒေသခံတွေရဲ့ လူနေမှုအဆင့်အတန်းကိုလည်း တိုးတက်စေနိုင်တယ်လို့ ဆိုပါတယ်။

အိမ်သာဆောက်လုပ်ရာမှာ ကုန်ကျစရိတ် သက်သာစေဖို့အတွက် ဒေသထွက်သစ်၊ ဝါးနဲ့ အုန်းပင်ထွက်ပစ္စည်းတွေကို သုံးပြီး သန့်ရှင်းလုံခြုံစွာ တည်ဆောက်နိုင်တယ်လို့လည်း အကြံပြုထားပါတယ်။

ULA က ဒေသတည်ဆောက်ရေးလုပ်ငန်းစဉ်တွေမှာ ပြည်သူတွေရဲ့ ကျန်းမာရေး၊ နေထိုင်မှုစနစ် ကောင်းမွန်ရေးနဲ့ ရပ်ရွာသန့်ရှင်း သာယာရေးတို့ကို အလေးထား ဆောင်ရွက်လျက်ရှိတယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။

Related posts

ဝီရဌာနီက ဒေသခံတချို့ စစ်ကောင်စီတပ် လေကြောင်းရန်ကြောင့် ထွက်ပြေး တိမ်းရှောင်နေရ

Rakhita Times

အမ်းမြို့နယ်က မိန်းကလေးငယ်ကို ပညာဆက်လက်သင်ယူနိုင်ရန် ထောက်ပံ့ကူညီထား

Rakhita Times

ဘူးသီးတောင် စကခ (၁၅)ကို စကမ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ

Rakhita Times

Leave a Comment