ကွက်လပ်များကို ဖြည့်စွက်ရန် လမ်းစသစ်များကို မြင်လာခြင်းနဲ့အတူ ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်ခြင်း (ဒုတိယပိုင်း)
အာရက္ခအားမာန် ရဲဘော်ကျော်ဟန် (၃၃) ဌေးဝင်း ခုနက ABSDF ရဲ့ ထိပ်သီးခေါင်းဆောင်ကြီးတွေကို ကျောင်းသားငယ်လေးတွေလို ဆူနေတဲ့ ဦးတင်မောင်ဝင်း ဆိုတဲ့ ပုဂ္ဂိုလ်အကြောင်းကိုလည်း နည်းနည်းလေး ပြောပြချင်သေးတယ်။ ဦးတင်မောင်ဝင်း (၁၉၃၈ – ၁၉၉၉) ဟာ ရန်ကုန်က တီတီစီကျောင်းမှာ ၁ဝ တန်းအထိ ပညာသင်ကြားခဲ့တယ်။...
