အာရက္ခပြည်တည်ဆောက်ရေးတွင် ခမီလူမျိုးတွေကို လေးစားတန်ဖိုးထားသွားမယ်လို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂဆို
အာရက္ခတိုင်းမ်စ် (၂၇ ဧပြီ ၂၀၂၆) အာရက္ခပြည်တည်ဆောက်ရေးခရီးတွင် ခမီလူမျိုးများအပါအဝင် အခြားညီနောင်မျိုးနွယ်စုတို့ရဲ့ အမွေအနှစ်များဖြစ်တဲ့ ဓလေ့ထုံးတမ်း၊ စာပေ၊ ယဉ်ကျေးမှု အခွင့်အရေးများကို လေးစားတန်ဖိုးထားသွားမယ်လို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ဆိုပါတယ်။ “ အာရက္ခပြည်တည်ဆောက်ရေးခရီးတွင် ခမီလူမျိုးများအပါအဝင် အခြားညီနောင်မျိုးနွယ်စုတို့ရဲ့ အမွေအနှစ်များဖြစ်တဲ့ ဓလေ့ထုံးတမ်း၊ စာပေ၊ ယဉ်ကျေးမှု အခွင့်အရေးများကို လေးစားတန်ဖိုးထား...
