စကမက ရက္ခိုင်နဲ့ ကချင်ကို အစိုးရအဖွဲ့အတွင်း ဘယ်လိုနေရာပေးလာနိုင်လဲ
အာရက္ခတိုင်းမ်စ် (၁၂ ဖေဖော်ဝါရီ ၂၀၂၆) စစ်ကော်မရှင်ဟာ လာမယ့် အစိုးရသစ်အဖွဲ့အတွင်း ရက္ခိုင်နဲ့ ကချင်ကို ဘယ်လိုနေရာပေးလာနိုင်လဲ ဆိုတာနဲ့ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူတွေအကြား သုံးသပ်မှု အမျိုးမျိုး ရှိနေကြပါတယ်။ ရက္ခိုင်ထဲက ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နဲ့ ကချင်ထဲက USDP ပါတီကနေ အမျိုးသားလွှတ်တော်နေရာ အနိုင်ရရှိခဲ့တဲ့ ဒေါ်ဒွဲဘူတို့ကို...
